ရှားပါးမျိုးစိတ် စာရင်းဝင် ဧရာဝတီလင်းပိုင် တစ်ကောင်သေဆုံး

ကသာ ၁၈ ဒီဇင်ဘာ

ကသာမြို့နယ် ကျောက်ပုံကျေးရွာအနီး ဧရာဝတီ မြစ်ကမ်းစပ်တွင် အလျား ခုနစ်ပေ ခြောက်လက်မ လုံးပတ် လေးပေ ရှစ်လက်မရှိ ရှားပါးမျိုးစိတ် စာရင်းဝင် ဧရာဝတီလင်းပိုင် အမတစ်ကောင် ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းက ရင်ခွဲထားလျက် သေဆုံးနေကြောင်း သိရသည်။

ဧရာဝတီမြစ်အတွင်း ငါးဖမ်းလုပ်သားတစ်ဦးမှ ပိုက်လှေမျောစဉ် လင်းပိုင်တစ်ကောင် ဝမ်းဗိုက်ပေါက်၍ မျောနေကြောင်း တွေ့ရှိသဖြင့် ကမ်းစမ်းသို့ ဆယ်ယူပေးခဲ့သည်ဟု ကသာမြို့နယ် ကျောက်ပုံကျေးရွာနေသူ တစ်ဦးမှ ပြောပြခဲ့သည်။

အဆိုပါ တွေ့ရှိမှုကို ကသာခရိုင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ လာရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး နေရာသတ်မှတ်ကာ ကျောက်ပုံကျေးရွာ ဒေသခံများ ဝိုင်းဝန်းကူညီလျက် မြေမြှုပ်နှံခဲ့ကြောင်း သိရသည်။

ငွေအိုး (ကသာ)

Share this on Social Media