တောင်ငူလေတပ် စခန်းဌာနချုပ်မှ F-7 လေယာဉ်တစ်စီး လေ့ကျင့်ပျံသန်းစဉ် ပျက်ကျ

နေပြည်တော် ၃ ဧပြီ 

 

တောင်ငူလေတပ်စခန်း ဌာနချုပ်မှ လေ့ကျင့်ပျံသန်းမှု ဆောင်ရွက်နေသော အက်ဖ် - ၇ လေယာဉ်တစ်စီးသည် ယနေ့ နံနက်ပိုင်းတွင် လေယာဉ်ကွင်း၏ အနောက်ဘက် ၃ မိုင်ခန့်အကွာ အမြင့်မီတာ ၅၀ဝ ခန့် အရောက်၌ စက်ချို့ယွင်းမှုကြောင့် ပျက်ကျသွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါ လေယာဉ်ပျက်ကျရာ နေရာသို့ တောင်ငူလေတပ်စခန်းဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များက သွားရောက်ရှာဖွေခဲ့ရာ တောင်ငူမြို့၊ ကျွန်းကုန်းရွာနှင့် မြောက်ရေကြည်ရွာကြားတွင် ပျက်ကျ ပျက်စီးသွားခဲ့သော လေယာဉ်အား ရှာဖွေတွေ့ရှိခဲ့သည်။

 

လေယာဉ်မှူး ဗိုလ်မှူး အာကာဝင်းသည် အရေးပေါ် လေထီးဖြင့် ခုန်ထွက်ခဲ့သော်လည်း ရရှိသော ဒဏ်ရာများကြောင့် တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူစဉ် ကွယ်လွန်သွားခဲ့ပြီး အသေးစိတ် အခြေအနေများအား ဆက်လက်စုံစမ်း စိစစ်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ထားသည်။

 

MDN

special News: 

Share this on Social Media