မေတ္တာရပ်ခံချက်

နေပြည်တော် ၇ ဧပြီ

 

နိုင်ငံတော်သမ္မတ ရာထူးတာဝန် စတင်ထမ်းဆောင်သည့် အထိမ်းအမှတ် ဂုဏ်ပြုညစာ  စားပွဲ ကျင်းပသည့် အခမ်းအနားကို မြန်မာအသံနှင့် ရုပ်မြင်သံကြားက ဧပြီ  ၆ ရက် ညနေ   ၆ နာရီမှ စတင်၍   ကြိုတင်ကြေညာထား သည့်အတိုင်း MRTV နှင့် ဆက်စပ် ရုပ်သံလိုင်းများမှ  တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပါသည်။

 

ထိုသို့ ထုတ်လွှင့်ပြသမှုကို မူလစီစဉ်ထားသည့်အတိုင်း ညစာ မသုံးဆောင်မီ ကြိုဆိုနှုတ်ဆက်ပြီးသည့်အချိန် အထိ ထုတ်လွှင့်ပြသခဲ့ပြီး   ညစာသုံးဆောင်မှုနှင့် ညစာသုံးဆောင်အပြီး တင်ဆက်ဖျော်ဖြေမှုများကို   ညပိုင်း သတင်း အစီအစဉ်တွင် ဆက်လက်ထုတ်လွှင့်ပြသခဲ့ပါသည်။ 

 

 

သို့ရာတွင် တိုက်ရိုက်ကြည့့်ရှုနေကြသည့်    ပရိသတ်အချို့အနေဖြင့်  ညစာ မသုံးဆောင်မီအချိန်အထိသာ တိုက်ရိုက်ထုတ်လွှင့်ခဲ့မှုအပေါ် ကျေနပ်အားရမှု မရှိသည် ကို  ကြားသိရသည့်အတွက် များစွာ စိတ်မကောင်းဖြစ်ရပါကြောင်းနှင့်  ထိုသို့   စိတ်အ နှောင့်အယှက် ဖြစ်ရမှုအတွက်    အနူးအညွှတ်တောင်းပန်ပါကြောင်း ဖော်ပြအပ်ပါ သည်။

 

အဆိုပါ အခမ်းအနားတွင် ဖျော်ဖြေခဲ့သည့် စုပေါင်းအင်အား ပြဇာတ်ကို ဧပြီ ၇ ရက် တွင် ပြသရန် ကြေညာထားပြီးဖြစ်ပါကြောင်း အစီရင်ခံတင်ပြအပ်ပါသည်။ 

 

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား

special News: 

Share this on Social Media