လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်ရှိ ပလတ်စတစ် စက်ရုံ တွင် မီးလောင်နေ

နေပြည်တော် ၇ ဧပြီ

 

လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်ရှိ ပလတ်စတစ် စက်ရုံ တွင် ယနေ့ ညနေ ၅ နာရီ မိနစ် ၄၀ အချိန်က မီးလောင်မှုဖြစ်ပွားကြောင်း ကနဦးသတင်းရရှိသဖြင့် level 1 ယာဉ်အုပ်စုများထွက်ခွာလျှက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

 

 

ဆက်လက်ပြီး ၅ နာရီ  ၄၅ မိနစ်အချိန်တွင် level 2 ယာဉ်စုများ နှင့် ၅ နာရီ ၅၂ မိနစ်တွင် level 3 ယာဉ်အုပ်စုများထွက်ခွာငြှိမ်းသတ်လျှက်ရှိကြောင်း သိရသည်။  

 

မီးလောင်ရာနေရာသို့ မီးသတ်ဦးစီးဌာနမှ အုပ်ချုပ်မှုယာဉ်(၅)စီး ၊ မီးသတ်ယာဉ်(၃၀)စီးတို့ ရောက်ငြိမ်းသတ်လျက်ရှိကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်များမှ မီးလောင်ရာနေရာအနီး၌ လုံခြုံရေးဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

 

MDN

special News: 

Share this on Social Media