၃ ဒသမ ၉ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားခဲ့

သပိတ်ကျင်း ၁၃ ဧပြီ

 

ယနေ့ နံနက် မြန်မာစံတော်ချိန် ၇ နာရီ ၅၄ မိနစ် ၂၃ စက္ကန့်တွင် မန္တလေး မြေငလျင်စခန်းမှ မြောက်ဘက် (၉၀)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (သပိတ်ကျင်းမြို့၏ မြောက်-အရှေ့မြောက်ဘက် (၃၂)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် ၂၃ ဒသမ ၃၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ဝ၈ ဒီဂရီ၊ အနက် ၅ ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်တာစကေး ၃ ဒသမ ၉ အဆင့်ရှိ အင်းအား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

MDN

special News: 

Share this on Social Media