ကျောက်ထုမြို့ဒေသတွင် ဆောင်းသီးနှံအဖြစ် စိုက်ပျိုးသည့် ကြက်သွန်ဖြူ ဈေးကောင်းရရှိ

ကျောက်ထု ၁၃ ဧပြီ 

ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသတွင် ဆောင်းသီးနှံအဖြစ် ငရုတ်၊ ခရမ်း၊ ဖရုံနှင့် ဆီထွက်သီးနှံအဖြစ် နေကြာ၊ မြေပဲတို့အပြင် ကြက်သွန်ဖြူတို့ကိုလည်း စိုက်ပျိုးကြရာ ဧပြီလတွင် ကြက်သွန်ဖြူပေါ်ပြီ ဖြစ်သည့် အတွက် ဈေးကောင်းရရှိကြောင်း တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ကြက်သွန်ဖြူစိုက်ပျိုးရာတွင် ထွန်ယက်ခ၊ မြေပြင်ခ၊ မြေသြဇာ၊ ပိုးသတ်ဆေး၊ စိုက်ပျိုးပြင်ဆင်စရိတ်၊ မျိုးကြက်သွန်ဖိုး အပါအဝင် တစ်ဧက ငွေကျပ် ၁၀ သိန်းဝန်းကျင် ကုန်ကျမှုရှိကြောင်း၊ တစ်ဧကလျှင် ပိဿာချိန် ၁၆၀ဝ ခန့်ထွက်ရှိကြောင်း၊ ကြက်သွန်ဖြူ နုတ်သိမ်းခနှင့် အရွက်ဖြုတ်ခအတွက် တစ်ရက်လျှင် ငွေကျပ်၂၅၀ဝ ပေးရပြီး ယခုပေါက်ဈေးအနေဖြင့် ငွေကျပ် ၂၀ဝ၀ ကျော်ရှိကြောင်း ကြက်သွန်ဖြူစိုက်ပျိုးသူ တောခလွန် ကျေးရွာမှ ဒေါ်ဝင်းတင်၏ ပြောကြားချက်အရ သိရှိရသည်။

အဆိုပါ ကြက်သွန်ဖြူများကို ဒေသတွင်း ရောင်းဝယ်ကြသည့်အပြင် မကွေးတိုင်းဒေသကြီး ပခုက္ကူနှင့် ဂန့်ဂေါမြို့များသို့ လည်းကောင်း၊ ချင်းပြည်နယ် မင်းတပ်နှင့် ကန်ပက်လက်မြို့များသို့လည်းကောင်း ပို့ဆောင် ရောင်းချကြကြောင်းနှင့် တောင်သူများ ကြက်သွန်ဖြူ စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေ ရရှိလျက်ရှိကြောင်း ခရိုင် ပြန်/ဆက် ဦးစီးဌာနမှ သတင်းပေးပို့ချက်အရ သိရသည်။



MDN

special News: 

Share this on Social Media