ဓာတုလက်နက်တားမြစ်ရေးအတွက် လေကြောင်းမှတိုက်ခိုက်မှုကို အာဘေးထောက်ခံ

တိုကျို ၁၄ ဧပြီ

 

ဆီးရီးယားအစိုးရမှ အရပ်သားများကို သံသယဖြစ်ဖွယ် ဓာတုလက်နက်အသုံးပြု တိုက်ခိုက်ခဲ့မှုအပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုကို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ထောက်ခံကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

 

ဓာတုလက်နက်အသုံးပြုတိုက်ခိုက်ခြင်းဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်ပြီး လက်ခံနိုင်ဖွယ်ရာမရှိဘူးလို့ အာဘေးက ပြောခဲ့တာပါ။ ဓာတုလက်နက်အသုံးပြုမှု ပျံနှံ့လာခြင်းကို အမေရိကန်၊ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့က သည်းမခံကြောင်း ပြသတဲ့အနေနဲ့ လက်တုံ့ပြန်တဲ့လုပ်ရပ်ကို ဂျပန်အစိုးရက ထောက်ခံကြောင်း အာဘေးက မှတ်ချက်ပြုခဲ့တာပါ။

 

အခြေအနေတွေရှုပ်ထွေးလာမယ့် အရေးကိုတားဆီးတဲ့အနေနဲ့ ပြုလုပ်တဲ့တိုက်ခိုက်မှုကို သဘောပေါက် နားလည်ကြောင်း အာဘေးကပြောကြားခဲ့ပြီး ဂျပန်နိုင်ငံရဲ့ တုံ့ပြန်မယ့်အစီအစဉ်ကိုလည်း လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ဆွေးနွေးသွားမယ်လို့ ဆိုထားပါတယ်။

 

(MDN)

 

ကိုးကား-အင်န်အိတ်ချ်ကေ

special News: 

Share this on Social Media