ဆီးရီးယားနိုင်ငံအပေါ် ပူးတွဲတိုက်ခိုက်မှုကို ရုရှားအာဏာပိုင်တွေ ရှုတ်ချ

မော်စကို ၁၄ ဧပြီ

 

ဆီးရီးယားနိုင်ငံအပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့ရဲ့ ပူးတွဲ လေကြောင်း တိုက်ခိုက်မှုကို ရုရှားအာဏာပိုင်တွေက ပြင်းပြင်းထန်ထန် ရှုတ်ချပြစ်တင်ခဲ့ပါတယ်။

 

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မာရီယာ ဇာခါရိုဗာ က လူမှုကွန်ရက်ဖေ့စ်ဘုတ်စာမျက်နှာမှာ အဆိုပါမှတ်ချက်ကို ရေးသားခဲ့တာပါ။ ဆီးရီးယားပြည်သူတွေဟာ အာရပ်နွေဦးပုံစံလိုမျိုး ဦးတည်သွတ်သွင်းခံနေရတာလို့ လည်းမှတ်ချက်ပြုရေးသားခဲ့ပါတယ်။

 

သူတို့ကိုယ်သူတို့ လူသားဆန်တဲ့သူတွေအဖြစ် ကြွေးကြော်ထားကြတဲ့ ကမ္ဘာ့စံပြုစရာ ခေါင်းဆောင်တွေကို မာရီယာက ပြစ်တင်ပြောဆိုထားခဲ့ပါတယ်။ ဆီးရီးယားနိုင်ငံရဲ့ ငြိမ်းချမ်းရေးအနာဂတ်အတွက် တောင်းဆိုထားချိန်တစ်ပြိုင်တည်းမှာပဲ ဆီးရီးယားကို တိုက်ခိုက်ဖို့ဆုံးဖြတ်ချက်အပေါ် သူကဝေဖန်ခဲ့တာပါ။

 

ရုရှားနိုင်ငံရဲ့ သတိပေးချက်ကို ဂရုမစိုက်ခဲ့တဲ့အတွက် ပြည်သူတွေရဲ့ အဆိုးဆုံးစိုးရိမ်ပူပန်မှုတွေဟာ အမှန်တကယ် ဖြစ်ပျက်လာခဲ့ပြီလို့ အမေရိကန်ဆိုင်ရာ ရုရှားသံအမတ် အနာတိုလီ အန်တိုနော့ဗ်က ထုတ်ပြန်ချက်တစ်စောင်မှာလည်း ရေးသားဖော်ပြခဲ့ပါတယ်။

 

နောင်ဖြစ်ပျက်လာမယ့် အဖြစ်အပျက်တွေအားလုံးရဲ့ အကျိုးဆက်ကို  ဝါရှင်တန်၊လန်ဒန်နဲ့ ပဲရစ်တို့ တာဝန်ခံရမှာပဲလို့ သံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။

 

(MDN)
ကိုးကား-အင်န်အိတ်ချ်ကေ

special News: 

Share this on Social Media