၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဧပြီ ၁၅ ရက်အထိ ပြည်တွင်းကိုဗဟိုပြုပြီး ငလျင် (၆၃)ကြိမ် လှုပ်ခတ်ခဲ့

နေပြည်တော် ၁၅ ဧပြီ

 

မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဧပြီ ၁၅ ရက်အထိ ပြည်တွင်းကိုဗဟိုပြုပြီး အင်အားအနည်းငယ် အကြိမ် (၅၃)၊ အင်အားအသင့်အတင့် (၁၀)ကြိမ် စုစုပေါင်း ငလျင် (၆၃)ကြိမ် လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

 

အဆိုပါလှုပ်ခတ်မှုများမှာ ပဲခူးတိုင်းဒေသကြီးတွင် (၂၀)ကြိမ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၁၅)ကြိမ်၊ ရှမ်းပြည်နယ်တွင် (၆)ကြိမ်၊ ကချင်ပြည်နယ်တွင် (၄)ကြိမ်၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် (၃)ကြိမ်စီ၊ မကွေးတိုင်းဒေသကြီးတွင် (၂)ကြိမ်နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် (၁)ကြိမ် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

 

MDN

 

special News: 

Share this on Social Media