ဝါရှင်တန် ၁၅ ဧပြီ
ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်အပြင်ဘက်မှာ ဧပြီ ၁၄ ရက် စနေနေ့က ဆီးရီးယားကို အမေရိကန်ဦးဆောင်ပြီး လေကြောင်းမှတိုက်ခိုက်ခြင်းအပေါ် လူအများဆန့်ကျင်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
အမေရိကန်ဟာ ကုလသမဂ္ဂရဲ့ ခွင့်ပြုချက်မရဘဲ ဆီးရီးယားနိုင်ငံကို လေကြောင်းမှ တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဆန္ဒပြသူတွေက ဆိုခဲ့တာပါ။ ရုရှားစစ်တပ်တွေလည်း ရှိနေတဲ့အတွက် မဆင်မခြင် အကြမ်းဖက်မှုလုပ်ရပ်ဟာ အင်မတန်အန္တရာယ်များကြောင်း သူတို့က ပြောကြားခဲ့တာပါ။
သောကြာနေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ ဆီးရီးယားနိုင်ငံကို လေကြောင်းမှ တိုက်ခိုက်ဖို့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို အမိန့်ပေးခဲ့တာဖြစ်ပါတယ်။ရုရှားကတော့ လေကြောင်းတိုက်ခိုက်မှုကို ပြင်းပြင်း ထန်ထန် တုံ့ပြန်ခဲ့ပြီး ဖြစ်လာမယ့်အကျိုးဆက်တွေအတွက်လည်း သတိပေးပြောကြားခဲ့ပါတယ်။
(MDN)
ကိုးကား-ဆင်ဟွာ၊အီရန်ပရက်စ်
special News: