နေပြည်တော်တွင် လမ်းလျှောက်သင်္ကြန်ပွဲတော် (အကြတ်နေ့) ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက် ဆင်နွှဲ

ပျဉ်းမနား ၁၅ ဧပြီ

 

မြန်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်(လမ်းလျှောက်သင်္ကြန်)ပွဲတော်ကို နေပြည်တော် ပြည်ထောင်စုနယ်မြေ ဒက္ခိဏခရိုင် ပျဉ်းမနားမြို့ ရန်အောင်(၂) ရပ်ကွက်အတွင်းရှိ မင်္ဂလာရှမ်းကန်တွင် ကျင်းပရာ ယနေ့(အကြတ်နေ့) နံနက် ၁၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု၍ ပြည်သူများနှင့်အတူ မဟာ သင်္ကြန်ပွဲတော် (လမ်းလျှောက်သင်္ကြန်)ပွဲတော်အား ဆင်နွှဲခဲ့ကြောင်း သိရသည်။

 

 

 

နေပြည်တော် မဟာသင်္ကြန်(လမ်းလျှောက်သင်္ကြန်)ကို နံနက် ၆ နာရီတွင် စတင်လိုက်သည်နှင့် ဗဟိုမဏ္ဍပ်၊ ဖျော်ဖြေရေး မဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်ကြီးများတွင် ရေကစားသူများနှင့် စည်ကား လျက်ရှိသည့်အပြင်  ပျဉ်းမနားမြို့နယ် အတွင်းရှိ ဒေသခံအလှူရှင်များမှ စတုဒိသာ မဏ္ဍပ်ကြီးတွင် ကျွေးမွေးဧည့်ခံလျက်ရှိပြီး လမ်းလျှောက်သင်္ကြန် ကျင်းပရာ လမ်းတစ်လျှောက်နှင့် ပျဉ်းမနားမြို့တွင် အထူးစည်ကားလျက်ရှိသည်။

 

စိုးမိုး(ပြန်/ဆက်)

 

 

special News: 

Share this on Social Media