တိုင်းဒေသကြီး/ ပြည်နယ်များတွင် နှစ်သစ်ကူး မဟာအတာသင်္ကြန်ပွဲတော် (အကြတ်နေ့) အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ

မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို အစဉ်အလာမပျက် အေးချမ်းပျော်ရွှင်စွာ ပြည်သူများ ပါဝင်ဆင်နွှဲ လျက်ရှိရာ ယနေ့သင်္ကြန်အကြတ်နေ့တွင် တိုင်းဒေသကြီး/ပြည်နယ်များတွင် ဌာနဆိုင်ရာသင်္ကြန်မဏ္ဍပ်များ၊ ပုဂ္ဂလိက ရေကစား မဏ္ဍပ်များတွင် သင်္ကြန်ယိမ်းအဖွဲ့များ၊ စတိတ်ရှိုးဖျော်ဖြေပွဲများဖြင့် ဧည့်ခံဖျော်ဖြေမှုများ အပြင် အအေး၊ အဖျော်ရည်၊ စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေး လှူဒါန်းမှုများနှင့်စည်းကား လျက်ရှိကြောင်း သိရှိရသည်။

 MDN

special News: 

Share this on Social Media