ယူနိုက်တက်ရဲ့ရှုံးပွဲကြောင့် မန်စီးတီးအသင်း ပရီမီယာလိဂ် ချန်ပီယံ ဆွတ်ခူးရရှိ

နေပြည်တော် ၁၆ ဧပြီ

ပရီမီယာလိဂ် ပွဲစဉ် ၃၃ ပွဲစဉ်များကို တနင်္ဂနွေနေ့ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာတွင် အမှတ်ပေးဇယာထိပ်ဆုံးမှာဦးဆောင်နေသည့် မန်စီးတီးအသင်းသည် ၄င်း၏မြို့ခံပြိုင်ဘက်ဖြစ်သည့် မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ဝက်စ်ဘရွန်းအသင်းကို မထင်မှတ်ဘဲ ရှုံးပွဲကြုံတွေ့ခဲ့ခြင်းကြောင့် လက်ကျန်ပွဲစဉ် ၅ ပွဲအလိုမှာပင် ပရီမီယာလိဂ်ချန်ပီယံဆုဖလားကို ရ ရှိသွားခဲ့သည်။

 

မန်စီးတီးအသင်းသည် အဝေးကွင်းပွဲစဉ်အဖြစ် စပါးအသင်းဖြင့် စနေနေ့ညက ယှဉ်ပြိုင်ကစားခဲ့ရပြီး သုံးဂိုး တစ်ဂိုးရလဒ်ဖြင့် အနိုင်ကစားနိုင်ခဲ့သည်။

 

မန်ယူအသင်းမှာ အမှတ်ပေးဇယားအောက်ဆုံးမှ ဝက်စ်ဘရွန်းအသင်းကို အိမ်ကွင်းတွင် လက်ခံယှဉ်ပြိုင်ကစားခဲ့သော်လည်းတစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ခြင်းကြောင့် ၂၀၁၇ - ၂၀၁၈ ရာသီ၏ လက်ကျန်ပွဲစဉ် ၅ ပွဲအလိုမှာပင် ပရီမီယာလိဂ်ဆုဖလားကို မန်စီးတီးအသင်း ရယူဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

 

မန်စီးတီးနည်းပြ ဂွါဒီယိုလာအတွက် အင်္ဂလန်မြေမှာ ပထမဆုံး ရာသီ၏ ပရီမီယာလိဂ်ဆုဖလားကို မန်စီးတီးအသင်း ရယူဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပြီး မန်စီးတီးနည်းပြ ဂွါဒီယိုလာအတွက် အင်္ဂလန်မြေမှာ ပထမဆုံးအကြိမ် အမှတ်ပေးဖလား ရရှိခဲ့ခြင်းလည်းဖြစ်သည်။ 

 

နယူးကာဆယ်အသင်းနှင့် အာဆင်နယ်အသင်းတို့ပွဲစဉ်မှာတော့ အိမ်ရှင်နယူးကာဆယ်အသင်းက နှစ်ဂိုး တစ်ဂိုးရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။ နယူးကာဆယ်အသင်းသည် အနိုင်ရရှိခဲ့ခြင်းကြောင့် တန်းဆင်းဇုံမှ လွတ်မြောက်ရန် သေခြာသွားပြီဖြစ်သည်။
ZBM (MDN)

 

 

special News: 

Share this on Social Media