ကျောက်ထုမြို့ဒေသတွင် မြေပဲစိုက်ပျိုးခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

ကျောက်ထု ၁၆ ဧပြီ 
 
 
ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသရှိ တောင်သူများသည် စပါးစိုက်ပျိုးပြီး အစိုဓာတ်မီသည့် လယ်မြေများ တွင်လည်းကောင်း၊ ယာမြေများတွင်လည်းကောင်း သီးထပ်အဖြစ် ဆီထွက်သီးနှံ မြေပဲကို စိုက်ပျိုးကြရာ အောင်မြင်မှုရှိကြောင်း သိရသည်။
 
 
“မြေပဲကို စိုက်ပျိုးရေးဌာနက စီစဉ်ပေးတဲ့ မကွေး(၁၆) မျိုးကောင်းမျိုးသန့် မျိုးပွားမြေပဲမျိုးကို စိုက်တာ ပါ။ တစ်ဧက စိုက်ပျိုးစရိတ်အနေနဲ့  ထွန်ယက်မြေပြင်ခ၊ မြေသြဇာ၊ ပိုးသတ်ဆေး၊ ရေသွင်းစရိတ်အပါအဝင် ငွေကျပ် ၁ သိန်း ၇ သောင်းလောက်ကုန်ကျမှုရှိပါတယ်၊ အထွက်နှုန်းက တင်း ၈၀ ဝန်းကျင် ထွက်ရှိပါတယ်၊ အခွံလိုက်ရောင်းလျှင် တစ်တင်းကို ငွေကျပ် ၁၀ဝ၀ဝ နှုန်းရပြီး အခွံချွတ်ဆီကြိတ်လျှင် နှစ်ပြည်ကို ဆီနှစ်ပိဿာ ဝန်းကျင်ရပါတယ်။ ဆီတစ်ပိဿာလျှင် ငွေကျပ် ၄၈၀ဝ  ဈေးရှိပါတယ်”ဟု တောခလွန်ကျေးရွာမှ မြေပဲစိုက်ပျိုး သည့် တောင်သူ ဦးတင်လှိုင်က ယခင်နှစ်အတွေ့အကြုံကို ပြောကြားခဲ့သည်။
 
 
ယခုအခါတွင် တောင်သူများစိုက်ပျိုးထားသည့် မြေပဲခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိနေပြီး တစ် လ၊ တစ်လခွဲခန့်အကြာတွင် မြေပဲပေါ်မည်ဖြစ်ကြောင်းနှင့် မြေပဲပေါ်လာပါက ဒေသတွင်းသာမက မကွေးတိုင်း ဒေသကြီး ပခုက္ကူမြို့နှင့် ချင်းပြည်နယ် မင်းတပ်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ခရိုင်ပြန်/ဆက် ဦးစီးဌာနမှ သတင်းပေးပို့ချက်အရ သိရသည်။ 
 
 
MDN 
special News: 

Share this on Social Media