မိုနာကိုအသင်းကို ဂိုးပြတ်သွင်းပြီး ပြင်သစ်လီဂူး အမှတ်ပေးဖလား ပီအက်စ်ဂျီ ဆွတ်ခူး

 ၁၆ ဧပြီ 

 

ပြင်သစ်လီဂူးပွဲစဉ် (၃၃) အဖြစ် ပီအက်စ်ဂျီအသင်းနှင့် မိုနာကိုအသင်းတို့ တနင်္ဂနွေနေ့ ညပိုင်းက ယှဉ်ပြိုင် ကစားခဲ့ရာ ပီအက်စ်ဂျီအသင်းက ခုနစ်ဂိုး တစ်ဂိုးရလဒ်ဖြင့် ဂိုးပြတ်အနိုင်ရရှိပြီး ပြင်သစ်လီဂူး အမှတ်ပေး ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သည်။

 

 ပီအက်စ်ဂျီအသင်းသည် ယခုပွဲစဉ်တွင် ၄င်း၏ ပြည်တွင်းမဟာပြိုင်ဘက်အသင်းဖြစ်သည့် မိုနာကိုအသင်းကို အိမ်ကွင်းတွင် အကောင်းဆုံးပုံစံဖြင့် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ဂိုးပြတ်အနိုင်ရ ရှိခဲ့ခြင်းဖြစ်သည်။ ပီအက်စ်ဂျီ အတွက် သွင်းဂိုးများကို ဆယ်လ်ဆိုက ပွဲချိန် ၁၅ နှင့် ၂၇ မိနစ်တွင်လည်းကောင်း၊  ဒီမာရီယာက ၁၉ နှင့် ၅၈ မိနစ်တို့တွင်လည်းကောင်း နှစ်ဂိုးစီသွင်းယူခဲ့ကြပြီး ကာဗာနီက ၁၇ မိနစ်နှင့် ဒရက်ဇယ်လာ က ၈၆ မိနစ်တို့တွင် တစ်ဂိုးစီသွင်းယူခဲ့ကြသည်။ ပွဲချိန် ၇၆ မိနစ်တွင် မိုနာကို တိုက်စစ်မှူး ဖယ်ကာအိုက ကိုယ့်ဂိုးကိုယ့် သွင်းမိခဲ့ခြင်းကြောင့် ပီအက်စ်ဂျီအသင်း တစ်ဂိုး ထပ်မံရရှိခဲ့သည်။ မိုနာကိုအတွက် တစ်လုံးတည်းသော ခြေပဂိုးကို ပွဲချိန် ၃၈ မိနစ်တွင် လိုပတ်စ်က သွင်းယူခဲ့သည်။ ပီအက်စ်ဂျီအသင်းသည် ပြင်သစ်လီဂူး လက်ကျန်ပွဲစဉ် ၅ ပွဲ ယှဉ်ပြိုင်ရန် ကျန်ရှိနေသေးသော်လည်း ဒုတိယနေရာမှာ ရပ်တည်နေသည့် မိုနာကိုအသင်းကို ရမှတ် ၁၇ မှတ် ဖြတ်ထားနိုင်ခဲ့ခြင်းကြောင့် အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

 

ZBM ( MDN)

 

special News: 

Share this on Social Media