နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့၏ မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်စကားများကို မြန်မာရုပ်မြင်သံကြားနှင့် မြန်မာ့အသံရေဒီယိုတို့မှ ထုတ်လွှင့်မည်

နေပြည်တော် ၁၆ ဧပြီ

 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့၏ ၁၃၈၀ ခုနှစ် မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်စကားများကို မြန်မာ့ရုပ်မြင်သံကြားနှင့် မြန်မာ့အသံရေဒီယိုတို့မှ ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်စကားကို မြန်မာ့ ရုပ်မြင်သံကြားမှ ဧပြီ ၁၇ ရက်    နံနက် ၈ နာရီ၊ မွန်းတည့် ၁၂ နာရီ၊ ညနေ ၄ နာရီ၊ ည ၈ နာရီ သတင်းများအပြီးတွင် လည်းကောင်း၊  ဧပြီ ၁၈ ရက် နံနက် ၈ နာရီ သတင်း အပြီးတွင် လည်းကောင်း ထုတ်လွှင့်သွားမည်ဖြစ်ပြီး မြန်မာ့အသံရေဒီယိုမှ ဧပြီ ၁၇ ရက် နံနက် ၈ နာရီ၊ နံနက်  ၁၁ နာရီ၊ ညနေ ၄ နာရီခွဲ၊ ည ၈ နာရီ သတင်းများ အပြီးနှင့် ဧပြီ ၁၈ ရက် နံနက် ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်သွားမည်ဖြစ်ပါသည်။

 

အလားတူ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူတို့၏  မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်စကားများကို မြန်မာ့ရုပ်မြင်သံကြားမှ ဧပြီ ၁၇ ရက်  နံနက် ၈ နာရီ၊ ညနေ ၄ နာရီ၊ ည ၈ နာရီ သတင်းများအပြီးတွင် လည်းကောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့၏ မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်စကားများကို ဧပြီ ၁၇ ရက် မွန်းတည့် ၁၂ နာရီ၊ ညနေ ၄ နာရီ၊ ည ၈ နာရီ သတင်းများအပြီးတွင် လည်းကောင်း ထုတ်လွှင့်သွားမည်ဖြစ်ပြီး မြန်မာ့အသံ ရေဒီယိုမှ ဒုတိယ သမ္မတ နှစ်ဦး၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားများကို ဧပြီ ၁၇ ရက် နံနက် ၈ နာရီ၊ ညနေ ၄ နာရီခွဲ၊ ည ၈ နာရီ သတင်းများအပြီးနှင့် လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့၏ နှုတ်ခွန်းဆက်စကားများကို ဧပြီ ၁၇ ရက် နံနက် ၁၁ နာရီ၊ ညနေ ၄ နာရီခွဲ၊ ည ၈ နာရီ သတင်းများအပြီးတွင် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

MDN

special News: 

Share this on Social Media