ပုဂ္ဂလိကဘဏ်များ အမြတ်ဝင်ငွေလျော့နည်းလာဟုဆို

ရန်ကုန် ၂၂ ဇွန် 

စီးပွားရေး နှေးကွေးနေသည့်အကျိုးဆက်ရလဒ်များကြောင့် ပြည်တွင်းပုဂ္ဂလိကဘဏ်များအနေဖြင့် အမြတ်ဝင်ငွေလျော့နည်းကျဆင်းလာကြောင်း ဘဏ်လုပ်ငန်းကျွမ်းကျင်သူ ပညာရှင်တစ်ဦးထံမှ သိရ သည်။

"ပြီးခဲ့တဲ့နှစ်လလောက်က UMFCCI က Research လုပ်ပါတယ်။ စီးပွားရေးကောင်းတယ် လို့ ပြောတဲ့လူရယ်။ ကောင်းလည်းမကောင်းဘူး ဆိုးလည်းမဆိုးဘူး လို့ပြောတဲ့သူရယ်။ စီးပွားရေး မကောင်းဘူးလို့ပြောတဲ့သူရယ်။ဒီအုပ်စုသုံးမျိုးကို Research လုပ်ပါတယ်။ စီးပွားရေးကောင်းတယ် လို့ပြောတဲ့သူက ရာခိုင်နှန်းလျော့သွားတယ်။ စီးပွားရေးမဆိုး မကောင်းလို့ပြောတဲ့သူကဒီအတိုင်းပဲ။ နဂိုက ၆၀ ရာခိုင်နှန်း ဆို ခုလည်း၆၀ ရာခိုင်နှန်းလောက်ရှိတယ်။ ဒါပေမယ့် စီးပွားရေးဆိုးတယ် ဆိုတဲ့အုပ်စုက ရာခိုင်နှန်းပိုတိုးသွားပါတယ်။ ဒါကိုကြည့်ပြီး UMFCCIက မြန်မာနိုင်ငံရဲ့စီးပွာရေးဟာ နည်းနည်းတော့ဆိုးလာတယ်လို့ကောက်ချက်ချပါတယ်။ "ဟုဘဏ်လုပ်ငန်းကျွမ်းကျင်သူ ဦးရဲမင်းအောင်က ဗဟန်းမြို့နယ် အေးရိပ်သာကွန်ဒို၌ ပြုလုပ်သော စာနယ်ဇင်းရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောသည်။

ဦးရဲမင်းအောင်သည် AGD ဘဏ်နှင့်CBဘဏ်တို့တွင် ထိပ်ပိုင်းရာထူးတာဝန်များ ကိုထမ်းဆောင်ခဲ့ သူဖြစ်ပြီး ယခုအခါဘဏ်လုပ်ငန်းအချို့တွင်အကြံပေးအဖြစ် တာဝန်ထမ်းဆောင်နေ သည့်အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဗဟိုစီးပွားရေးကော်မတီ အဖွဲ့ဝင်တစ်ဦး အဖြစ်လည်း တာဝန် ထမ်းဆောင်လျက်ရှိသည်။

"လုပ်ငန်းအကြီးလုပ်ကိုင်နေသူတွေကိုမေးကြည့်တဲ့အခါ စီးပွားရေးကျဆင်းနေတယ်လို့ ပြောကြပါ တယ်။ စီးပွားရေးအလယ်အလတ်လုပ်ကိုင်သူတွေကိုမေးကြည့်တော့လည်း တိုးလည်းမတိုး၊ လျော့ လည်း မလျော့လို့ဆိုကြပါတယ်။ လုပ်ငန်းအငယ်စား လုပ်ကိုင်သူတွေကို မေးကြည့်တဲ့ အခါကျွန် တော်တို့ဆိုင်တွေပိတ်ရတော့မယ့်အနေအထားလို့ပြောကြပါတယ်။ လုပ်ငန်းကြီး လို့ဆိုတဲ့ဘဏ် လုပ်ငန်းတွေမေးကြည့်တဲ့အခါ သူတို့အရင်လို မမြတ်တော့ ဘူးလို့ပြောကြပါတယ်ဟု ဦးရဲမင်း အောင်ကဆိုသည်။

ပုဂ္ဂလိကဘဏ်များ အမြတ်ဝင်ငွေကျဆင်းလာရခြင်းအဓိကအကြောင်းအရင်းမှာ ဘဏ်များမှ စီးပွားရေးလုပ်ငန်းရှင်များက ချေးယူထားသောချေးငွေအပေါ် အတိုးနှန်းများ မှန်မှန်ပေးဆောင်နိုင်ခြင်းမရှိ ကြောင်းဘဏ်များအနေဖြင့် လုပ်ငန်းရှင်များအားချေးယူထားသောချေးငွေအပေါ် အတိုးပုံမှန်ရရှိ အောင်ရုန်းကန်ကြိုးစားနေကြရကြောင်း အတိုးပုံမှန်မရရှိသည့်အတွက် ပြန်ဆပ်ငွေကို အခြားသူ တစ်ဦးအားပြန်လည်ချေးငှားနိုင်ခြင်းမရှိသည့်အတွက် အမြတ်ဝင်ငွေကျဆင်းရခြင်းဖြစ်ကြောင်း၊ ယခင်က အတိုးကို ပုံမှန်ဆပ်သည့်အတွက် အခြားစီးပွားရေး လုပ်ကိုင်သူများ အာချေးပေးနိုင်၍ အမြတ်ငွေများပြားခဲ့ကြောင်း၎င်းကရှင်းပြသည်။

လုပ်ငန်းရှင်များအနေဖြင့် ချေးယူထားသောငွေကြေးအပေါ် ဘဏ်များ သို့ပေးရန်ရှိ သည့်အတိုးများကို ပုံမှန်မပေးနိုင်ခြင်း၏ အဓိကအကြောင်းအရင်းများအနက် စီးပွားရေးနှေးကွေးနေခြင်းကြောင့်ပင်ဖြစ် ကြောင်းသိရသည်။

မြင့်မောင်စိုး

Share this on Social Media