ပလောက်၌ စက်သုံးဆီအရောင်းဆိုင်များ တရားမဝင် ရောင်းချခြင်းရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး

ပလောက်     ၂၉   ဇွန်    

 

တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ မြို့ပေါ်ရပ်ကွက်၌ စက်သုံးဆီ အရောင်းဆိုင်များ တရားမဝင် ရောင်းချခြင်းရှိ၊ မရှိ၊ ရောင်းချခွင့် ပြုထားသည့် နေရာတွင် စနစ်တကျ ရောင်းချခြင်းရှိ၊ မရှိကို ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးကြသည်။

 

အဆိုပါ စစ်ဆေးရာတွင် ပလောက်မြို့ မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူးနှင့် အဖွဲ့ဝင်များ၊     အရန်မီးသတ်တပ်ဖွဲ့များ ပူးပေါင်း၍  စက်သုံးဆီရောင်းချမှု အခြေအနေ၊ စက်သုံးဆီများ မီးဘေးအန္တရာယ်ကင်းရှင်းစွာ ထားရှိမှုအခြေအနေနှင့် အရေးပေါ် မီးသတ်ဆေးဘူးများကို စက်သုံးဆီ အရောင်းဆိုင်ပမာဏနှင့် လုံလောက်အောင် ထားရှိခြင်း ရှိ၊ မရှိ၊ မီးသတ်ဆေးဘူးများ ကောင်း၊ မကောင်း စသည်တို့ကို ကြည့်ရှု စစ်ဆေးခဲ့ပြီး မီးဘေးအန္တရာယ် ကင်းဝေးစေရေး၊ မီးထိတ်လန့်မှု မဖြစ်ပွားစေရေးတို့အတွက် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

နိုင်ဦး(ပြန်/ဆက်)

 

Share this on Social Media