နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဒေသဆိုင်ရာ လုပ်ငန်းကော်မတီမှ တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာ အောင်မြင်သူများအား ဂုဏ်ပြုဆုချီးမြှင့်

လွိုင်ကော်  ၂၁  ဇူလိုင်   

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်း(လွိုင်ကော်/ဘောလခဲ)၊ ကယားပြည်နယ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင် အထည်ဖော်ရေး ဒေသဆိုင်ရာ လုပ်ငန်းကော်မတီမှ ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင် ၂၁ ရက် ၊ နံနက် (၉း၃၀)နာရီ အချိန်က ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါနိုးကူးရပ်ကွက်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ရှိ ခန်းမဆောင်၌ ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေ ၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှမျိုးဆွေ ၊ ပြည်နယ်စာရင်းစစ်ချုပ် ဦးအောင်မောင်း၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လွိုင်ကော်)မှ ဒုတိယ ဒေသကွပ်ကဲရေးမှူး  နှင့် ဌာနဆိုင်ရာအကြီးအကဲများ ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။

 

အခမ်းအနားကို နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးသင်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက " ပြည်ထောင်စုအတွက် ထာဝစဉ် "သီးချင်းဖြင့်လည်းကောင်း၊  " ပတ္တလား"အဖွဲ့မှ  " မြန်မာ့ကျောင်း "သီချင်းဖြင့်လည်း ကောင်းသီဆိုကာ  " မြန်မာ့ရိုးရာဒိုးပတ် "အဖွဲ့မှ သီဆိုတီးမှုတ်၍  " ကရာတေးဒို "အဖွဲ့ နှင့်  "  တိုက်ကွမ်ဒို  " မှ သရုပ်ပြ ဖျော်ဖြေ ဖွင့်လှစ်သည်။

 

ဆက်လက်၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မြင့်ဝေ က အဖွင့်အမှာစကားပြောကြားကာ နယ်စပ်ဒေသ နှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဒေသဆိုင်ရာ လုပ်ငန်းကော်မတီမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးတင်ဦးက အောင်ချက်မြင့်မားရေး ဆောင်ရွက်ထားရှိမှု အခြေအနေအား ရှင်းလင်းတင်ပြခဲ့ပြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ကာ ဂုဏ်ထူးရ အောင်သင်ကြားပေးသော ဆရာဆရာများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ပြီး ဂုဏ်ထူရကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။

 

၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းတွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (လွိုင်ကော်/ဘောလခဲ) မှ (၃)ဘာသာဂုဏ်ထူးဖြင့်အောင်မြင်သူ (၁)ဦး၊ (၂)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ (၁) ဦး၊ (၁)ဘာသာဂုဏ်ထူးဖြင့်အောင်မြင်သူ (၁၀)ဦး တို့ဖြစ်ကြောင်း သတင်းရရှိသည်။

 

ကိုစိုင်း (လွိုင်ကော်)

 

Share this on Social Media