ငါးဖမ်းရေယာဉ်တစ်စင်း ပင်လယ်ပြင်တွင် နစ်မြုပ်မှုဖြစ်ပွား

ဟိုင်းကြီးကျွန်း ၂၈  ဒီဇင်ဘာ

ယနေ့ နံနက် ၄ နာရီခန့်က ငါးဖမ်းရေယာဉ်တစ်စင်း ပင်လယ်ပြင်ရှိ မီးပြကြီးအနီးတွင် ပိုက်ချရန် စက်လှေအား ပြန်လှည့်ရာမှ တိမ်းမှောက်မှုဖြစ်ပွားခဲ့တယ်လို့ မြို့နယ်ပြန်ဆက်ဦးစီးဌာနမှ သိရပါတယ်။

 

ငါးဖမ်းရေယာဉ်တိမ်းမှောက်မှုတွင် ပါဝင်သည့် စက်လှေလုပ်သားများအား အနီးဝန်းကျင်မှ စက်လှေများက ကယ်ဆယ်ခဲ့ပြီး လူအသေအပျောက်မရှိဟု ကနဦး သတင်းများအရ သိရပါတယ်။

 

အဆိုပါ ငါးဖမ်းရေယာဉ်ကို ဟိုင်းကြီးကျွန်းမြို့ အမှတ်(၃)ရပ်ကွက်နေ ဦးသာထွန်း ပိုင်ဆိုင်ပြီး ဦးထွန်းရွှေမှ လှေဦးစီးအဖြစ် လုပ်ကိုင်ဆောင်ရွက်နေသည့် ငါးဖမ်းရေယာဉ်ဖြစ်တယ်လို့ သိရပါတယ်။

MDN

Share this on Social Media