ငါးဖမ်းရေယာဉ်နစ်မြုပ်မှု နောက်ဆက်တွဲသတင်း

တိမ်းမှောက် ငါးဖမ်းရေယာဉ်မှ ရေလုပ်သား (၁၅)ဦးကို အနီးဝန်းကျင်းရှိ စက်လှေများမှ ကယ်ဆယ်ထားပြီး လေးဦးမှာ ပျောက်ဆုံးနေတယ်လို့ ဟိုင်းကြီးကျွန်းမြို့ ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။

 

ငါးဖမ်းရေယာဉ်သည်  ယနေ့ နံနက် ၄ နာရီခန့်က ပြင်စလူမြို့အနီး ပင်လယ်ပြင်တွင် ပိုက်ချရန် စက်လှေအား ပြန်လှည့်ရာမှ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ပါတယ်။

 

 အဆိုပါ ငါးဖမ်းရေယာဉ်ကို ဟိုင်းကြီးကျွန်းမြို့ အမှတ်(၃)ရပ်ကွက်နေ ဦးသာထွန်း ပိုင်ဆိုင်ပြီး ဦးထွန်းရွှေမှ လှေဦးစီးအဖြစ် လုပ်ကိုင်ဆောင်ရွက်နေသည့် သီတာမွန်(၁) ငါးဖမ်းရေယာဉ်ဖြစ်တယ်လို့ သိရပါတယ်။

MDN

Share this on Social Media