ဟုမ္မလင်းမြို့အနီး အင်အားအနည်းငယ် ငလျင်လှုပ်

နေပြည်တော် ၁၇ စက်တင်ဘာ

 

ယနေ့ ညနေ ၅ နာရီ ၁၄ မိနစ် (၂၆)စက္ကန့်တွင် ဟုမ္မလင်းမြို့၏ အရှေ့မြောက်ဘက်(၃၂)မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၄ ဒသမ ၂) အဆင့်ရှိ အင်အားအနည်းငယ် မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည်။

 

အဆိုပါငလျင်သည် မြောက်လတ္တီတွဒ် (၂၅ ဒသမ ၀၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅ ဒသမ ၄၁) ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့သည်။ 

 

MDN

Share this on Social Media