တားမြစ်ထားသည့် ဆင့်ပွားဈေးကွက်ဖြန့်ချိရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသည်ကို စုံစမ်းတွေ့ရှိပါက အရေးယူသွားမည်

နေပြည်တော် ၁၈ စက်တင်ဘာ

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် တားမြစ်ထားသည့် ဆင့်ပွားဈေးကွက် ဖြန့်ချိရေးလုပ်ငန်း (Multi Level Marketing) လုပ်ကိုင်ဆောင်ရွက်နေသည်ကို စုံစမ်းတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရ အရေးယူခံရမည်ဖြစ်ကြောင်း အများပြည်သူ သိရှိနိုင်စေရန် အသိပေးကြေညာထားသည်။

 

အဆိုပါအမိန့်ကြော်ငြာစာကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရအဖွဲ့၏ ၂၀၁၈ ခုနှစ် သြဂုတ် ၃၁ ရက်စွဲပါ အမိန့်ကြော်ငြာအမှတ် ၉၄/၂၀၁၈ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ဆင့်ပွားဈေးကွက် ဖြန့်ချိရေးလုပ်ငန်း (Multi Level Marketing) နှင့်စပ်လျဉ်း၍ တားမြစ်ခြင်း အမိန့်ကြော်ငြာစာကို ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် (၄၆/၂၀၁၈)ဖြင့် ထုတ်ပြန်ထားပြီး အမိန့်ကြော်ငြာစာထုတ်ပြန်သည့်နေ့မှစ၍ အာဏာသက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

 

MDN

 

Share this on Social Media