ကံတူအကျိုးပေး တရုတ်-မြန်မာ ချစ်ကြည်ရေး

အောက်တိုဘာ ၁၈

စာရေးသူသီဟအောင် စီစဉ်ရေးသားသည့် ကံတူအကျိုးပေး တရုတ်-မြန်မာချစ်ကြည်ရေးစာအုပ် ထုတ်ဝေဖြန့်ချိလိုက်ကြောင်း သိရသည်။

 

ဆရာသီဟအောင်ရေးသားခဲ့သည့် အယ်ဒီတာ့အာဘော်နှင့် တရုတ်-မြန်မာနှစ်နိုင်ငံအကြား ဆက်ဆံရေးသမိုင်းကြောင်းများအပါအဝင် စတီးဝဲလ်လမ်း(လီဒိုလမ်း)၊ ပိုးလမ်းမကြီးနှင့် မြန်မာ့ငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး၊ တရုတ်ပြည်၏ ပိုးလမ်းမသစ်နှင့် ဂျာနယ်လစ်တစ်ဦး၏အမြင်၊ တရုတ်ရဲ့ Belt and Road ၊ မြန်မာအတွက် Help and Hope ၊ တရုတ်-မြန်မာ ပြည်သူတို့၏ အနာဂတ်ဘဝကောင်းမွန်ရေး၊ တရုတ်နိုင်ငံ၏ မျှော်မှန်းတမ်းတချက်၊ တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှုအလားအလာကောင်းများ စသည့်သတင်းဆောင်းပါးနှင့် အယ်ဒီတာ့အာဘော်များကို မှတ်တမ်းဓာတ်ပုံများဖြင့် စာရှုသူများ ဗဟုသုတ တိုးပွားစေနိုင်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။

 

 

စာအုပ်ကို- ရွှေယမင်းစာပေမှ ပထမအကြိမ်အဖြစ် တန်ဖိုးငွေကျပ် ၃၀ဝ၀ ဖြင့်ဖြန့်ချီထားသည်။

Share this on Social Media