မြဝတီမြို့တွင် အမျိုးသမီးတစ်ဦးထံမှ သိန်းလေးဆယ်ကျော်တန်ဘိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

မြဝတီ  ၁၉ အောက်တိုဘာ 

 

ကရင်ပြည်နယ် မြဝတီမြို့တွင် အောက်တိုဘာ ၁၈ ရက်က အမျိုးသမီးတစ်ဦးထံမှ သိန်းလေးဆယ်ကျော် တန်ဖိုးရှိ WY စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

မြဝတီခရိုင်မှုခင်း နှိမ်နင်းရေးအဖွဲ့ခေါင်းဆောင် ရဲအုပ် မျိုးကျော် ဦးစီးအဖွဲ့သည် အောက်တိုဘာ ၁၈ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ မြဝတီမြို့၊ အမှတ် (၄)ရပ်ကွက်၊ အလိုတော်ပြည့်လမ်းသွယ် (၅)ရှိ စိုးမိုးအောင်၏ နေအိမ်အား သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာ WY စိတ်ကြွဆေးပြား (၁၃၅၀)ပြား၊ (၁၃၅)ဂရမ်၊ ကာလတန်ဘိုး လေးဆယ်သိန်း ငါးသောင်းကျပ်ခန့်နှင့် မြန်မာငွေရောရာ သုံးသောင်းကျပ်အပါအဝင် စိုးမိုးအောင် အမည်ပါ နိုင်ငံသားစိစစ်ဆေးရေး ကတ်ပြားတစ်ခုတို့ကို  သိမ်းဆည်းရမိခဲ့သဖြင့် မြဝတီမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

မင်းသူ(ဘားအံ)

Share this on Social Media