လှိုင်သာယာမြို့နယ်၌ မီးလောင်မှုဖြစ်ပွား

ရန်ကုန် ၂၅ အောက်တိုဘာ

လှိုင်သာယာမြို့နယ် စက်မှုဇုန် (၃) ဘုရားလမ်းထိပ်တွင် ယနေ့ ည ၉ နာရီ  ၃၅ အချိန်ခန့်က  အထပ်သားစက်ရုံမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသဖြင့် level1 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ် လျက်ရှိကြောင်း သိရသည်။

 

ထို့နောက် ည ၉ နာရီ ၄၅ မိနစ်တွင် level2 ယာဉ်အုပ်စုများ ထွက်ခွာခဲ့ပြီး ၉ နာရီ ၅၁ မိနစ်တွင် level3 ယာဉ်အုပ်စုများ ဆက်လက်ထွက်ခွာခဲ့သည်။

AA Electronics စက်ရုံမီးလောင်ခြင်းဖြစ်ကြောင်း သတင်းရရှိသဖြင့် ည ၁၀ နာရီ ၅၂ မိနစ်တွင် level4 ယာဉ်အုပ်စုများ ဆက်လက်ထွက်ခွာငြိမ်းသတ်လျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

 

MDN

Share this on Social Media