အောင်လံမြို့အနီး အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခုလှုပ်ရှား

နေပြည်တော် ၂၇ အောက်တိုဘာ 

ယနေ့ မွန်းလွဲ ၃ နာရီ ၄၆ မိနစ် ၅၁ စက္ကန့်တွင် အောင်လံမြို့၏ အရှေ့ဘက် မိုင် (၃၀) ခန့်အကွာကို ဗဟိုပြုပြီး အင်အားရစ်တာစကေး (၄ ဒသမ ၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ငလျင်သည် မြောက်လတ္တီတွဒ် (၁၉.၃၅)၊ အရှေ့လောင်ဂျီတွဒ် (၉၅.၆၉)၊ ဗဟိုချက်အနက် (၂၈) ကီလိုမီတာခန့်ကို ဗဟိုပြု၍ လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့သည်။

MDN

 

Share this on Social Media