နေပြည်တော်မြို့၏ အနောက်ဘက် (၉)မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်

နေပြည်တော် ၂၉ အောက်တိုဘာ

 

ယနေ့နံနက် ၈ နာရီ မိနစ် ၅၀ တွင် နေပြည်တော်မြို့၏ အနောက်ဘက် (၉)မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၃ ဒသမ ၉)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည်။

 

အဆိုပါ ငလျင်သည် နေပြည်တော် မြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် (၁၂)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် (၁၉.၇၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၉၆) ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့သည်။

 

MDN

Share this on Social Media