ခရီးသည် ၁၈၈ ဦး လိုက်ပါလာသည့် အင်ဒိုနီးရှားလေယာဉ် ပျက်ကျ

၂၉ အောက်တိုဘာ

 

ဂျကာတာမြို့တော်မှ ပျံတက်လာပြီးနောက် အဆက်အသွယ်ပြတ်တောက်သွားခဲ့သည့် လေယာဉ် အမှုထမ်းနှင့် ခရီးသည် ၁၈၈ဦး လိုက်ပါလာသည့် အင်ဒိုနီးရှားလေယာဉ်တစ်စင်းမှာ တနလာင်္နေ့ နံနက်ပိုင်းက  ပင်လယ်ထဲသို့ ပျက်ကျသွားကြောင်း အင်ဒိုနီးရှားအာဏာပိုင်များက ပြောကြားသည်။

 

 

ဆူမားတြားကျွန်းအနီးရှိ အင်ဒိုနီးရှားနိုင်ငံပိုင် ဘန်ကာကျွန်းပေါ်ရှိ ပန်ကာပီနန်သို့  ဦးတည်ပျံသန်းသည့်  Lion Air လေကြောင်းလိုင်းမှ ဘိုရင်း ၇၃၇ အမျိုးအစား ခရီးသည်တင်လေယာဉ်တစ်စင်းမှာ   အရွယ်ရောက်ခရီးသည် ၁၇၈ ဦးနှင့် ကလေး ၃ ဦးအပြင် လေယာဉ်အမှုထမ်း  ၇ ဦး ပါရှိကြောင်း လေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါလေယာဉ်မှာ ဂျကာတာမြို့တော်ရှိ ဆူကာနိုဟတ်တာ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နံနက် ၆နာရီ မိနစ်၂၀တွင် ထွက်ခွာလာခဲ့ပြီး နံနက် ၆ နာရီ ၃၃ မိနစ်တွင် လေယာဉ်နှင့်အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း ဒေသန္တရမီဒီယာများက ရေးသားသည်။

 

 

အဆိုပါ ပျက်ကျလေယာဉ်မှဟု ယုံကြည်ရသော အပျက်အစီးများကို ပင်လယ်တွင်းရှိ တွန်းသင်္ဘော တစ်စင်းမှ သဘောင်္သားများက မြင်တွေ့ခဲ့ရကြောင်း Jakarta Post သတင်းစာက ဖော်ပြထားသည်။

 

 

Lion Air မှာ ၁၉၉၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် ဂျကာတာအခြေစိုက် တန်ဖိုးနည်းလေ ကြောင်းလိုင်းတစ်ခုဖြစ်သည်။ ၂၀၀၀ ခုနှစ်တွင် လုပ်ငန်းလည်ပတ်မှုစတင်ခဲ့ပြီး ပြည်တွင်း၊ ပြည်ပသို့ လေယာဉ်ခရီးစဉ်များ ပြေးဆွဲလျက်ရှိသည်။

 

ကိုးကား-ကျိုဒို
ဘာသာပြန်-မေဇော်ထက်

Share this on Social Media