မြစ်ကြီးနားမြို့အနီး အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်ရှား

နေပြည်တော် ၆ နိုဝင်ဘာ

 

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့၊ မြန်မာစံတော်ချိန် မွန်းလွဲ (၂)နာရီ၊ (၁၁)မိနစ်၊ (၅၆)စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၈)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မြစ်ကြီးနားမြို့၏ မြောက်-အရှေ့မြောက်ဘက် (၃)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၅ ဒသမ ၄၂)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၇ ဒသမ ၄၀) ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃ ဒသမ ဝ) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးဇလဌာနမှ ထုတ်ပြန်ထားသည်။

 

MDN

Share this on Social Media