အမေရိကန် နှစ်လယ်ရွေးကောက်ပွဲကို အချို့နေရာဒေသများတွင် ဆန္ဒမဲပေးခြင်း ဆက်လက်လုပ်ဆောင်

၇ နိုဝင်ဘာ

 

အမေရိကန် နှစ်လယ် ရွေးကောက်ပွဲတွင် အခြားသော ကိစ္စရပ်များနှင့် အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာသွားသော ပြည်နယ်များ အပါအဝင် အချို့နေရာဒေသများတွင် ဆန္ဒမဲပေးခြင်းကို ယခုထိ ဆက်လက်လုပ်ဆောင်နေကြောင်း ၊ သို့သော်လည်း အထက်လွှတ်တော်၏အစောပိုင်း မဲရလဒ်များကို  အေဘီစီ သတင်းဌာနမှ လည်းကောင်း ၊အောက်လွှတ်တော် မဲရလဒ်များကို တွဲဖက် သတင်းဌာနမှ လည်းကောင်း ထုတ်ပြန်မည်ဟု သတင်းများတွင် ဖော်ပြထားသည်။

 

 ပြည်တွင်းမီဒီယာက ဆန္ဒမဲပေးသူများပြားမည်ဟု ယူဆကြောင်း ၊တက္ကဆက် နှင့် အခြား ပြည်နယ်များရှိ မဲရုံအချို့တွင် အမျိုးမျိုးသော အခက်အခဲများကို ကိုင်တွယ်ဖြေရှင်းရန် အချိန်ယူ လုပ်ဆောင်နေကြောင်း သတင်းများအရ သိရသည်။

 

 

အိုဟိုင်းယိုး ၊ နယူးဂျာစီ နှင့် ပန်ဆိုင်ဗာနီယာ ပြည်နယ်များ တွင်   ဒီမိုကရက်ပါတီ က ၃၈ နေရာ ရရှိမည် ဟု အေဘီစီ သတင်းဌာနက ခန့်မှန်းဖော်ပြနေကြောင်းတပ်ပြည်နယ်ဖြစ်သော အိန္ဒိယနားတွင် ရီပတ်ဘလီကန် ပါတီ က ၄၅ နေရာ ရရှိကြောင်း ၊နေရာ ၅၀ ထက်ပိုမို ရရှိရန် အဆိုပါ ပါတီ နှစ်ခုစလုံးက ရည်မှန်းနေကြောင်း ၊ ယခုရွေးကောက်ပွဲတွင်  အောက်လွှတ်တော် အမတ်နေရာအားလုံး ၄၃၅ နေရာ ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း ၊ ဒီမိုကရက် က ၅၃ နေရာ နှင့် ရီပတ်ဘလီကန် က ၅၉ နေရာ သေချာနေကြောင်း အေပီ ကခန့်မှန်းဖော်ပြထားသည်။

 

သမ္မတသက်တမ်းဝက် တွင် နှစ်လယ်ရွေးကောက်ပွဲ ကျင်းပခဲ့ရာ အဆိုပါ ဆန္ဒမဲ ပေးမှုသည် ဒေါ်နယ်ထရန့်် ခေါင်းဆောင်မှုအပေါ် လူထုဆန္ဒခံယူပွဲ အဖြစ် တွေ့မြင်ရမည် ဖြစ်ကြောင်း နှင့် ရီပတ်ဘလီကန်ပါတီ သည် ကွန်ဂရက်တွင် နေရာအများစု ဆုံးရှုံးခဲ့လျှင် ထရန့်သည် ၎င်း၏ မူဝါဒများ အကောင်အထည်ဖော်ရေး ပိုမိုခက်ခဲမည် ဟု ယူဆကြောင်း သိရသည်။

 

ကိုးကား အန်အိတ်ချ်ကေ
ဘာသာပြန် မြင့်မြင့်ချို

Share this on Social Media