ဖရူဆိုမြို့၌ (၅)နှစ်အောက်ကလေး အာဟာရပြည့်ဝမှု ယှဉ်ပြိုင်ခြင်းနှင့် စံပြမိခင်ရွေးချယ်ပွဲ ကျင်းပ

ဖရူဆို   ၇  နိုဝင်ဘာ

 

ကလေးများနှင့် မိခင်များအား ကျန်းမာရေးနှင့် ပတ်သက်သည့် အသိပညာများရရှိစေရန် ရည်ရွယ်ချက်ဖြင့် (၅)နှစ်အောက်ကလေး အာဟာရပြည့်ဝမှု ယှဉ်ပြိုင်ခြင်းနှင့် စံပြမိခင် ရွေးချယ်ပွဲကို နိုဝင်ဘာ ၆ ရက်က ဖရူဆိုမြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ကျင်းပသည်။

 

ပြိုင်ပွဲတွင် ဖရူဆိုမြို့နယ်အတွင်းရှိ မိခင်များနှင့် ကလေးများ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူတို့က ပြိုင်ပွဲဝင်များအား ဝိတ်ချိန်ခြင်း၊ ကျန်းမာရေးဆိုင်ရာ မေးခွန်းများ မေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ပြီး ဖရူဆိုမြို့နယ် သူနာပြု(၁) ဒေါ်မေရီလှချေးမိုးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

 

ထို့နောက် ပြိုင်ပွဲတွင်ဆုရရှိသည့် မိခင်နှင့် ကလေးများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့ပြီး တက်ရောက်လာသူများနှင့် ကျန်းမာရေး အမျိုးသမီးဆရာမဒေါ်လင်းဒါက စံပြမိခင်နှင့် ပတ်သက်၍ အပြန်အလှန်ဆွေးနွေးအကြံပြုပြီး တက်ရောက်လာသူများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရ သည်။

 

အဆိုပါ အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန၊ ဖရူဆိုမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် (IRC) တို့ ပူးပေါင်း၍ ကျင်းပခြင်းဖြစ်ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းလွင်၊ မြို့နယ် ကျန်းမာရေးဝန်ထမ်းများ၊ IRC မှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် မိခင်များနှင့် ကလေးများ တက်ရောက်ကြကြောင်း သိရသည်။

 

ကိုစိုင်း (လွိုင်ကော်)

 

Share this on Social Media