ကမ္ဘာ့အိုဇုန်းလွှာ တစ်ဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာဟု မိုးလေဝသပညာရှင်များပြော

၇ နိုဝင်ဘာ

 

Chlorofluorocarbon သို့မဟုတ် CFCs ထုတ်လွှတ်မှုလျော့ချရန် ကမ္ဘာ့နိုင်ငံများ၏ကြိုးပမ်းမှုများကြောင့် အန္တရာယ်ဖြစ်စေနိုင်သော ခရမ်းလွန်ရောင်ခြည်မှ ကမ္ဘာဂြိုလ်ကို ကာကွယ်ပေးသည့် ကမ္ဘာ့အိုဇုန်းလွှာမှာ ကောင်းမွန်လာကြောင်း မိုးလေဝသပညာရှင်များက ပြောကြားသည်။ 

  
၁၉၆၀ ခုနှစ်မှ ၂၀၁၆ခုနှစ်အထိ လေ့လာထားသော အချက်အလက်များအပေါ် အခြေခံပြီး အိုဇုန်းလွှာ လျော့ပါး မှုဆိုင်ရာ အကဲဖြတ်မှုတစ်ခုကို  ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်းနှင့် အခြား သိပ္ပံပညာဆိုင်ရာအဖွဲ့များက  တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်။

 

 

အဆိုပါ အစီရင်ခံစာတွင် အကြီးမားဆုံးအိုဇုန်းလွှာလျော့ကျမှုမှာ ရေခဲသေတ္တာနှင့် အခြားသောရင်းမြစ်များကြောင့် CFC ထုတ်လွှတ်မှုမှာ ၁၉၉၀ပြည့်လွန်နှစ်များတွင် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

 

ဝင်ရိုးစွန်းဒေသများမှလွဲ၍ အိုဇုန်းလွှာအဆင့်များမှာ ၂၀၀၀ ခုနှစ်မှစပြီး ဆယ်စုနှစ်တစ်ခုအတွင်း ၃ ရာခိုင်နှုန်း ဖြင့် ပြန်လည်ကောင်းမွန်လာခဲ့သည်ဟု ဆိုသည်။

 

တောင်ဝင်ရိုးစွန်းရှိ အိုဇုန်းလွှာအပေါက်မှာ တစ်ဖြည်းဖြည်း ပိတ်သွားမည်ဟုယူဆရပြီး အိုဇုန်းလွှာတစ်ခုလုံးမှာ ၁၉၈၀ ခုနှစ်များတွင် နောက်ဆုံး မြင်တွေ့ခဲ့ရသည့်အဆင့်များကို ၂၀၆၀ ခုနှစ်များတွင် ပြန်လည်ရောက်ရှိသွားမည်ဖြစ်သည်။ 

 

အဆိုပါ အစီရင်ခံစာမှာ ၁၉၈၇ ခုနှစ် မွန်ထရီရယ်သဘောတူညီချက်ကို ပြန်လည်ဖော်ထုတ်ခြင်းဟု မှတ်ယူရပြီး ယင်းတွင် အိုဇုန်းလွှာထိခိုက်စေသည့် ဓာတုပစ္စည်းများအသုံးပြုမှုလျော့ချရန် စာချုပ်ကို လက်မှတ်ရေး ထိုးထားသောနိုင်ငံများက သဘောတူခဲ့သည်။ 

 

သို့သော်လည်း CFCs ပုံစံ ဓာတ်ငွေ့ထုတ်လွှတ်မှုမှာ တရုတ်နိုင်ငံတွင် မြင့်တက်လာနေကြောင်း အစီရင်ခံစာက ဆိုသည်။

 

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်

Share this on Social Media