ခေါင်းဆောင်ကောင်းနှင့် စကားပြောစွမ်းရည်

စာရေးဆရာချစ်နိုင်(စိတ်ပညာ) စီစဉ်ရေးသားသည့် ခေါင်းဆောင် ကောင်းနှင့် စကားပြောစွမ်းရည် စာအုပ်ထွက်ရှိလာသည်။

 

 

စကားပြောကောင်းဖို့ရာတွင် အခြေခံအချက်များကိုကြိုတင်ပြင်ဆင်ေ လ့လာပြီး အသုံးချပါက စကားပြောကောင်းသူဖြစ်လာနိုင်သည်။ ထိုသို့စကားပြောကောင်းစေရန် ပရိသတ်အခြေအနေကို ကောင်းစွာသုံးသပ်သိမြင်ထားခြင်း၊ မိမိပြောမည့်အကြောင်းအရာကို ကောင်းစွာပိုင်နိုင်ခြင်း၊အခြေအနေအချိန်အခါနှင့် လိုက်ဖက်ဆီလျော်စွာ အချက်အလက်၊စကားလုံး၊ ဥပမာ ဥပမေယျ၊ သာဓက ဝတ္ထု၊ သမိုင်း၊ ဟာသစသည်တို့ကိုအစအလယ်အဆုံး ဖွဲ့စည်းပုံကောင်းသည့်ဟောပြောခြင်း၊ ရည်ရွယ်ချက်တိကျကောင်းမွန်ခြင်း၊ ပရိသတ်အပေါ် မေတ္တာစေတနာဖြူစင်စွာထက်သန်ခြင်း၊ မိမိကိုယ်ကိုယုံကြည်ရဲရင့်ခြင်း၊ စာကောင်းပေကောင်း ဗဟုသုတများကို ဝမ်းစာအဖြစ် ကြိုတင်စုဆောင်းလေ့လာဖတ်ရှုထားခြင်းနှင့် ကြိုတင်ပြင်ဆင်ခဲ့ခြင်းတို့သည် စကားပြောစွမ်းရည်ကို ကောင်းမွန်စေကြောင်းရေးသားထားသည်။ 

 

စာအုပ်ကို နိုင်စာပေ၊ အမှတ်-၁၅၀၊ ရတနာလမ်းမကြီး၊ ရတနာအိမ်ရာ၊ တိုင်းရင်းသားကျေးရွာအနီး၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့။

 ဖုန်း-ဝ၉-၅၅၀၃၂၅၄နှင့် ဝ၉-၇၃၂၂၄၅၂၄တို့မှ တန်ဖိုးငွေကျပ်၂၀ဝဝဖြင့် ဖြန့်ချိသည်။

 

 

Share this on Social Media