(၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ပထမနေ့ အကြိတ်အနယ် ယှဉ်ပြိုင်ထိုးသတ်

ဘားအံ ၈ နိုဝင်ဘာ

 

(၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ရိုးရာ အောင်လံလုပွဲ အပါအဝင် စိန်ခေါ်ပွဲပေါင်း ၃၈ ပွဲနှင့်  အထူးစိန်ခေါ် ကြားပွဲများဖြင့် ထည့်သွင်းကျင်းပသွားမည်ဖြစ်ရာ နိုဝင်ဘာ ၇ ရက် မွန်းလွဲပိုင်းက မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ ပထမနေ့ တွင် စာချုပ်စိန်ခေါ်ပွဲ ၈ ပွဲနှင့် ခုနှစ်သိန်းအောင်လံလုပွဲ ပွဲစဉ်များကိုကျင်းပခဲ့ကြောင်း သိရ သည်။

 

ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ရိုးရာလက်ဝှေ့ပြိုင်ပွဲ ပထမနေ့တွင် ကလေးပွဲ ၇ ပွဲ၊ လူလတ် ၃ချီစိန်ခေါ်ပွဲ တစ်ပွဲ၊ ခုနှစ်သိန်းအောင်လံလုပွဲ ကွာတားဖိုင်နယ် ၄ ပွဲ၊ စာချုပ်စိန်ခေါ်ပွဲ ၈ ပွဲ၊ စုစုပေါင်း ပွဲစဉ်ပေါင်း ၂၀ ယှဉ်ပြိုင်ထိုးသတ် ခဲ့ကြရာ စာချုပ်စိန်ခေါ်ပွဲ ၃ ချီစိန်ခေါ်ပွဲတွင် ရွှေနှင်းဆီလူမိုက်(ရွှေဖူး)နှင့်စူပါရေချမ်း(မျိုးဆက်သစ်) တို့ အကြိတ်အနယ် ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြရာ  ပူးတွဲသရေဖြင့် လည်ကောင်း၊ (၄)ချီစာချုပ်စိန်ခေါ်ပွဲတွင် ဇာနည်အောင် (ရန်စစ်ငြိမ်း)နှင့်ထက်လင်းဦး(တိုက်ဂါး)၊အောင် ထက်ဟိန်း(ဇွဲကပင်မြေ)နှင့် စောထွန်းမြိုင်(ရွှေမိုးထိငြိမ်းချမ်းရေး)၊ အောင်နိုင်ဦး (တောင်က လေး) နှင့် အောင်အောင်(ရန်စစ်ငြိမ်း)တို့ သရေရလဒ်သာ ထွက်ပေါ်ခဲ့ပြီး (၅)ချီ စာချုပ်စိန် ခေါ်ပွဲတွင် နေရိုင်း(ဓမ္မဟေဝန်)နှင့် ကျော်အဲပညာ(တောင်ကလေး)၊ စောလှမင်း (မြိုင်ကလေး ဘိလပ်မြေစက်ရုံ)နှင့် စောဝါလု(ဇွဲကပင်မြေ)တို့ အကြိတ်အနယ် ယှဉ်ပြိုင်ထိုးသတ်သော်လည်း အရှုံးအနိုင်မပေါ်ဘဲ ပူးတွဲသရေဖြင့်လည်ကောင်း၊  ကျော်ထက် (မန္တလေးယူနိုက် တက်)က သံမဏိသွေးမိုက်(သုံးပန်လှ)ကို လက်ရေအသာစီးဖြင့် တတိယအချီ ၂ မိနစ်နှင့် ၈စက္ကန့်တွင် အလဲထိုးဖြင့်လည်ကောင်း၊ ယှူးခလိန်းမီး(မြိုင်ကလေးဘိလပ်မြေစက်ရုံ)က မင်းထက်ကြယ်(တိုက်ဂါး)အား တတိယအချီ ၂ မိနစ် ၅၄ စက္ကန့်တွင် အလဲထိုးဖြင့် လည်ကောင်း အနိုင်ရရှိခဲ့သည်။

 

(၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို နိုဝင်ဘာ ၇ ရက်နေ့မှ ၁၁ ရက်နေ့ထိ (၅)ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး ထိုးသတ်ကြေးများ ထိုက်ထိုက်တန်တန်ချီးမြှင့်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)

 

Share this on Social Media