ပြည်ပ အလုပ်သမားများအပေါ် ပွဲစားများ အမြတ်မထုတ်ရန် ဂျပန်အစိုးရ ဆောင်ရွက်

၈  နိုဝင်ဘာ

 

နိုင်ငံခြားသား အလုပ်သမားအပေါ် ပြည်တွင်းပွဲစားများက အမြတ်ထုတ်ခြင်းမှ ကာကွယ်ရန် ဂျပန်အစိုးရက ဆုံးဖြတ်လိုက်သည်။

 

ဂျပန်နိုင်ငံက နိုင်ငံခြားသား အလုပ်သမားများကို ပိုမိုလက်ခံလာသောကြောင့် လူအခွင့်အရေး ချိုးဖောက်မှု အန္တရာယ်များ ဖြစ်လာနိုင်ကြောင်း အာဏာရပါတီနှင့် အတိုက်အခံပါတီများမှ အမတ်များက ထုတ်ဖော်ပြောဆိုခဲ့ သည်။

 

အာမခံကြေးနှင့် ပွဲစားခများပေးချေရန် နိုင်ငံခြားသားများကို အဓမ္မငွေချေးခိုင်းသည့် ပွဲစားများကို ဦးတည်သော ဥပဒေများ တရားရေးဝန်ကြီးဌာနက ရေးဆွဲခဲ့ခြင်းဖြစ်သည်။

 

အာမခံကြေး အများအပြား ကောက်ခံသည့် ပွဲစားများ မိတ်ဆက်ပေးသော အလုပ်သမားများ လက်ခံသည့်ကုမ္ပဏီ များကို ပြည်ပအလုပ်သမား ခေါ်ဆောင်ခွင့် ၅ နှစ် ပိတ်ပင်သွားမည်ဖြစ်သည်။

 
နေထိုင်ခွင့် လျှောက်ထားသူ နိုင်ငံခြားသားများကို အာမခံကြေး သို့မဟုတ် ပွဲစားခများ ပေးဆောင်ခဲ့ခြင်း ရှိ မရှိကို အတည်ပြုရန် စာရွက်စာတမ်းများ ဖြည့်စွက်ရမည်ဖြစ်သည်။ 

 

ကုမ္ပဏီများက နိုင်ငံခြားသား အလုပ်သမားများကို တိုက်ရိုက်ငှားရမ်းရန် မူဝါဒအားဖြင့် စီစဉ်ခြင်းဖြစ်သည်။ သို့သော်လည်း  ယာယီဝန်ထမ်း လိုအပ်သည့် အလုပ်အမျိုးအစားများအတွက် ချွင်းချက်ထား ခွင့်ပြုမည်ဖြစ်သည်။

 

ကိုးကား- အန်အိတ်ချ်ကေ

ဘာသာပြန်- မေဇော်ထက်

Share this on Social Media