ဒေးဒရဲမြို့၌ တိုင်းရင်းပရဆေးဆိုင်များအား လိုက်လံစစ်ဆေး

ဒေးဒရဲ ၈ နိုဝင်ဘာ 

 

ဒေးဒရဲမြို့နယ် မြို့နယ်စည်ပင်သာယာဈေး အမှတ်(၁) ဈေးအတွင်း၊ အပြင်ရှိ တိုင်းရင်းပရဆေးဆိုင်များကို ယနေ့နံနက် ၁၁ နာရီက စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးသိန်းမောင်၊ မြို့နယ်တိုင်းရင်းဆေးမှူး၊ မြို့နယ်စည်ပင်သာယာဈေး ဈေးတာဝန်ခံ ဒေါ်သင်းသင်းအေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုရဲအုပ်ဦးတေဇာလင်းခေါင်းဆောင်သော တပ်ဖွဲ့ဝင်များ ပူပေါင်း၍ ဈေးအတွင်းရှိ တိုင်းရင်းဆေးဆိုင် (၈)ဆိုင်တွင် ရက်လွန်ဆေးဝါးများရောင်းချမှု ရှိ၊ မရှိ လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)

Share this on Social Media