ဆစ်ဒနီလေဆိပ်တွင် ဓာတ်အားပြတ်တောက်ပြီး လေယာဉ်ခရီးစဉ်များ နှောင့်နှေး

၈ နိုဝင်ဘာ

 

သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးပြည်နယ်၏ မြို့တော် ဆစ်ဒနီလေဆိပ်တွင် ကြာသပတေးနံနက်ပိုင်းက Qantas လေကြောင်းလိုင်းမှ  ခရီးသည်များမှာ ဓာတ်အား ပြတ်တောက်မှုကြောင့် ဂိတ်နံပါတ် ၃ မှ လေယာဉ်ခရီးစဉ်များ နှောင့်နှေးမှု ဖြစ်စေခဲ့ကြောင်း ဒေသန္တရမီဒီယာ၏ ဖော်ပြချက်အရ သိရသည်။

 

လေယာဉ်တက်ရန် စာရင်းသွင်းသည့်နေရာနှင့် ခရီးဆောင်အိတ်များ အတင်အချပြုလုပ်သည့် စနစ်များလည်း ဓာတ်အား ပြတ်တောက်မှုကြောင့် ခရီးသည်များ စီတန်းထားသည့် အတန်းမှာ မီတာ ၂၀ဝ ရှည်လျားကြောင်း the Nine News ရုပ်သံဌာနက ဖော်ပြသည်။

 

ကျွမ်းကျင်သူများကြောင့် ဓာတ်အား ပြတ်တောက်မှု တစ်ဝက်တစ်ပျက် ပြန်လည်ရရှိပြီ ဖြစ်ကြောင်း၊ လေယာဉ်ခ ရီးစဉ်များ ဆက်လက် ပြေးဆွဲမည်ဖြစ်ကြောင်း လေကြောင်းလိုင်းမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒေသခံ သ တင်းထောက်များသို့ ပြောကြားသည်။ 

 

ဓာတ်အား ပြတ်တောက်မှုအတွက် စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်နေကြောင်း လေဆိပ် အာဏာပိုင်များက ပြောကြားသည်။

 

ဆစ်ဒနီလေဆိပ်မှာ သြစတြေးလျနိုင်ငံ၏  ခရီးသည် အဝင်အထွက်အများဆုံးနှင့် အချက်အချာကျသော   လေဆိပ် တစ်ခုဖြစ်ပြီး ၂၀၁၇ ခုနှစ်အတွင်း ခရီးသည် ၄၃ ဒသမ ၃ သန်း အသွားအလာရှိခဲ့ပြီး နှစ်အလိုက် ၃ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း လေဆိပ်၏ အချက်အလက်များအရ သိရသည်။  

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- မေဇော်ထက်

Share this on Social Media