မလေးရှားနိုင်ငံသူ မောင်းနှင်လာသောယာဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်

နေပြည်တော် ၈ ဇန်နဝါရီ

နေပြည်တော် ဇေယျာသီရိမြို့နယ် ရန်ကုန်-မန္တလေး မိုင်တိုင် (၂၅၆/၄)အနီးတွင် ဇန်နဝါရီ ၇ ရက် မွန်းလွဲ ၂ နာရီခန့်က တပ်ကုန်းမှ ပျဉ်းမနားဘက်သို့ ယာဉ်မောင်း မလေးရှားနိုင်ငံသူ CHUA GIM SENG မောင်းနှင်ပြီး မလေးရှားနိုင်ငံသူ Lee Peik Wei လိုက်ပါစီးနင်းလာသော ယာဉ်အမှတ် WTS/------ ယာဉ်သည် အရှိန်မထိန်း နိုင်ဘဲ လမ်းဘေးရှိ သစ်ပင်အား ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ရာ ယာဉ်မောင်းနှင့် စီးနင်းလိုက်ပါသူ နှစ်ဦးလုံး ဒဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

၎င်းတို့နှစ်ဦးအား နေပြည်တော် ကုတင် ၁၀ဝဝ ဆေးရုံသို့ တင်ပို့ကုသထားကြောင်းနှင့် အဆိုပါယာဉ်မှာ မြန်မာ နိုင်ငံအတွင်းသို့ တမူးခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးထားသော ယာယီ ယာဉ်မှတ်ပုံတင် နံပါတ်ဖြင့်  မောင်းနှင်လျက်ရှိသော ယာဉ်ဖြစ်ကြောင်း သိရသည်။

ကိုနိုင်ဝင်း(ကြိုးကြာကန်)

Share this on Social Media