လှိုင်းဘွဲမြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်းအတွက် နည်းပညာဆိုင်ရာ ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေး

လှိုင်းဘွဲ ၈ နိုဝင်ဘာ 

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြု စီမံကိန်းလုပ်ငန်းများ နည်းပညာဆိုင်ရာ ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက သပုထိုးကျေးရွာတွင် ကျင်းပခဲ့သည်။

 

ဆွေးနွေးပွဲတွင် လူထုဗဟိုပြုစီမံကိန်းအတွက် နည်းပညာဆိုင်ရာ ကူညီထောက်ပံ့သော MGRI မှ ICDDS ဖြစ်သူ MR. Brain သည် မြို့နယ်ကျေးလက်ဦးစီးမှူး ဦးအောင်မျိုးမြင့်၊ CDD Teamleader ဦးစောစိုးသီဟရွှေနှင့် ဦးစောအယ်ဘလု၊ တာဝန်ခံ အဖွဲ့ဝင်များ၊ ဒိုင်းပြကျေးရွာ ကော်မတီဝင်များ၊ ဖာပွန်ကျေးရွာကော်မတီဝင်များ၊ ကော့ဝန်းကျေးရွာ ကော်မတီဝင်များနှင့် တွေ့ဆုံကာ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ အားနည်းချက်၊ အားသာချက်များ၊ နည်းပညာဆိုင်ရာ လိုအပ်ချက်များကို အကြံပြုဆွေးနွေးခဲ့သည်။

 

ဆက်လက်ပြီး သပုထိုးကျေးရွာအတွင်း ကွန်ကရစ်လမ်း ဆောင်ရွက်နေမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးကာ နည်းပညာဆိုင်ရာ လိုအပ်ချက်များကို ကျေးရွာကော်မတီဝင်များအား အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)

 

Share this on Social Media