မောင်တောမြို့၌ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအား တင်ဒါဖွင့်ပွဲ ကျင်းပ

မောင်တော ၈ နိုဝင်ဘာ

 

မောင်တောမြို့၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ တင်ဒါဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခန့်က ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် မောင်တောခရိုင် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်မှ အဖွင့်အမှာစကားပြောကြားပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းကျော်မှ တင်ဒါဆွဲယူသူများသည် လုပ်ငန်းအရည်အသွေး ကျွမ်းကျင်ပိုင်နိုင်စေရေး၊ လုပ်ငန်းများစံချိန်မီ ဆောင်ရွက်ပေးရေး ပြောကြားခဲ့သည်။

 

 

ထို့နောက် မောင်တောခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွန်းလှိုင်က လေလံစည်းကမ်းချက်များကို ဖတ်ကြားရှင်းလင်း ပြောကြားသည်။ တင်ဒါဖွင့်ပွဲတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း Lot (၄) ခုအား တင်ဒါစိစစ်ရွေးချယ်ခဲ့ပြီး တင်ဒါကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တင်ဒါတင်သွင်းသည့် ကုမ္ပဏီ (၁၄)ခု တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)

Share this on Social Media