သန်လျင်၌ အခြေခံပညာကျောင်းပေါင်းစုံ သုံးမျိုးစုံအားကစားပြိုင်ပွဲနှင့် ဆုချီးမြင့်ပွဲကျင်းပ

ရန်ကုန် ၈ နိုဝင်ဘာ 

 

ကျောင်းသားကျောင်းသူ လူငယ်များနှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးအတွက် ရန်ကုန်တောင်ပိုင်းခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန ဦးဆောင်မှုဖြင့် သန်လျင်မြို့နယ် ပညာရေမှူးရုံး၊ မြို့နယ်ရေကူးအသင်း၊ မြို့နယ်စက်ဘီးအသင်းတို့ ပူးပေါင်းကာ ၂၀၁၈ ခုနှစ် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ သုံးမျိုးစုံ အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက သန်လျင်မြို့ သီဟဒီပ အားကစားကွင်း၌ ကျင်းပခဲ့သည်။

 

 

ပြိုင်ပွဲတွင် အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်အထက်၊ အသက် (၁၂)နှစ်အောက် အမျိုးသား/ အမျိုးသမီး (၃၀) ဦးခန့် ဝင်ရောက်ယှဉ်ပြိုင်ပြီး အားကစားသမား တစ်ဦးချင်းအလိုက် ရေကူးခြင်း၊ စက်ဘီးစီးနင်းခြင်း၊ ပြေးခြင်း စသည့် အားကစားနည်း (၃) မျိုးအား ပြိုင်ပွဲသတ်မှတ် စည်းကမ်းများနှင့်အညီ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

 

 

ထိုသို့ ဝင်ရောက်ယှဉ်ပြိုင်ကြရာ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းမှ ပြိုင်ပွဲဝင် အမျိုးသား ပထမ ရွှေတံဆိပ် (၁)ဆု၊ အမျိုးသမီး ပထမ ရွှေတံဆိပ် (၁)ဆုနှင့် တံခွန်စိုက် ဖလား၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းမှ အမျိုသား ရွှေတံဆိပ် (၁)ဆုနှင့် တစ်ဦးချင်းဆုရရှိသူများအား ခရိုင်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြင့်ခဲ့ကြကြောင်း သိရသည်။

 

သက်ခိုင် (သန်လျင်)

 

Share this on Social Media