ဂန့်ဂေါမြို့၌ မိုးလုံလေလုံ အားကစားရုံ ဆောက်လုပ်နိုင်ရေး ကွင်းဆင်းစစ်ဆေး

ဂန့်ဂေါ ၈ နိုဝင်ဘာ 

 

ဂန့်ဂေါမြို့၌ မိုးလုံလေလုံ အားကစားရုံ ဆောက်လုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်သည် ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသည့် ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်းတို့နှင့်အတူ ယနေ့ မွန်းလွဲ ၂ နာရီက ဂန့်ဂေါမြို့သို့ ရောက်ရှိ၍ ပညာရေးဌာနသို့ အားကစားပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။ 

 

ထို့နောက် ဂန့်ဂေါမြို့တွင် မိုးလုံလေလုံ အားကစားရုံ ဆောက်လုပ်နိုင်ရေး၊ မီတာလေးရာပြေးလမ်း အဆင့်မြှင့်တင်နိုင်ရေး ကွင်းဆင်းကြည့်ရှုကာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပြူးလွင်၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်း၊ ဂန့်ဂေါခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ 

 

စိန်ကျော် 

 

Share this on Social Media