ကျေးရွာအရောက် တီဘီရောဂါ စစ်ဆေးကုသပေး

တပ်ကုန်း   ၁၅  နိုဝင်ဘာ

 

နေပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာထွန်းကျော်စိုး (တီဘီ၊ အနာကြီးရောဂါ)၊ သွား၊ ခံတွင်းဆရာဝန် ဒေါက်တာလွင်ထက်နှင့် တပ်ကုန်းမြို့နယ် ရွှေမြို့တိုက်နယ် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကံလှကျေးရွာအုပ်စု၊ ဂါတ်ချိုင်းကျေးရွာတွင်  ယနေ့နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ တီဘီရောဂါ ရှာဖွေစစ်ေဆး ကုသပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ စစ်ဆေးရာတွင် ဒေါက်တာထွန်းကျော်စိုး၊ ဒေါက်တာလွင်ထက်နှင့်အတူ နယ်မြေခံ  ကျန်းမာရေး ဆရာ ဆရာမများက တီဘီရောဂါ ရှာဖွေခြင်း၊ ဓာတ်မှန်ရိုက်ပေးခြင်း၊ သွား၊ ခံတွင်းစစ်ဆေးခြင်းနှင့် လိုအပ်သည့် ဆေးဝါးများဖြင့် ကုသဆောင်ရွက်ပေးသည်။

 

စစ်ဆေးမှုအနေဖြင့် ဓာတ်မှန်ရိုက်လူနာ (၁၃၉) ဦး၊ တီဘီလူနာသစ် (၄)ဦး၊ ဆေးယဉ်ပါး စစ်ဆေးလူနာ (၂)ဦးနှင့် သံသယလူနာ (၁၀)ဦး၊ ငှက်ဖျားသွေးဖောက် စစ်ဆေးလူနာ (၆၁) ဦး၊ အနာကြီးရောဂါ ရှာဖွေစစ်ဆေး လူနာ (၄၃) ဦး၊ သွား၊ ခံတွင်းလူနာ (၅၇)ဦး စုစုပေါင်း လူနာ (၃၁၆) ဦး ရောဂါရှာဖွေ စစ်ဆေးကုသပေးခဲ့ကြောင်း သိရသည်။

 

တင်စိုးလွင်(ပြန်/ဆက်)

Share this on Social Media