ကာရေဘီယံ ပင်လယ်ထဲမှာ ဆူနာမီငလျင်မဟုတ်တဲ့ အင်အားပြင်း ငလျင်လှုပ်ခတ်

တီဂူစိဂယ်လ်ပါး ၁၀ ဇန်နဝါရီ

အင်္ဂါနေ့က ဟွန်ဒူးရပ်စ် ကမ်းဝေးကျွန်းတွေအနီး ပြင်းအား ၇ ဒဿမ ၆ အဆင့်ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ အမေရိကတိုက်မကြီးမြောက်ပိုင်းတစ်လျှောက် ဟွန်ဒူးရပ်စ်၊ မက္ကဆီကိုနဲ့ ဘေလိဇ် တို့မှာ ငလျင်လှိုင်းများ ရိုတ်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးမှု ရှိ မရှိ မသိရသေးပါဘူး။

 

ငလျင်ဟာ အမေရိကအလယ်ပိုင်း ဟွန်ဒူးရပ်စ်နိုင်ငံရှိ ဘာရာ ပါတူကာဒေသ မြောက်ပိုင်း ၁၂၅ မိုင်အကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့ပြီး ပြင်းအား ၇ ဒဿမ ၈ အဆင့်ရှိကြောင်း၊ ခေမန်ကျွန်းရှိ   ဂျော့မြို့တောင်ပိုင်းကနေ ၁၉၁ မိုင် ကွာဝေးကြောင်း၊ ငလျင်လှိုင်းဟာ ၆ ဒဿမ ၂ မိုင် လွဲကျယ်ဖြစ်ပြီး အလွန်တိမ်ကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေးအဖွဲ့က ပြောကြားထားပါတယ်။

 

ငလျင်ဗဟိုချက် အရှေ့ဘက် ၃၂၃ မိုင်အကွာက ဟွန်ဒူးရပ်စ် မြို့တော် တီဂူစိဂယ်လ်ပါးက လူနေအိမ်ပြတင်းပေါက်တွေ လှုပ်ခါခဲ့ပြီး မြောက်ဘက် မက္ကဆီကန်ပြည်နယ် ကျွင်တာနာရိုး ထိ ရိုက်ခတ်မှုရှိခဲ့ကြောင်း၊ ထိခိုက်ပျက်စီးမှုသတင်း မရသေးကြောင်း သိရပါတယ်။

 

ငလျင်လှုပ်ခတ်ချိန်တိုတောင်းပေမယ့် ဘူဒိုဇာဖြတ်မောင်းသွားသလို ပြင်းထန်ကြောင်း၊ အလွန်ကြောက်လန့်နေခဲ့ကြောင်း ကာရေဘီယံကမ်းရိုးတန်းကို အလည်အပတ် ရောက်ရှိနေသူတစ်ဦးက ပြောပါတယ်။

 

ပထမပိုင်းက အမေရိကန်နဲ့ ဗြိတိန် ကျွန်းစုများတောက်လျှောက် ဟွန်ဒူးရပ်စ်၊ မက္ကဆီကို၊ ဘေလိဇ်နဲ့ ပူရီတိုရီကို တို့မှာ ၃ ပေအထက် ဆူနာမီလှိုင်းများ ဖြစ်ပေါ်နိုင်ကြောင်း ပစိဖိတ် ဆူနာမီ သတိပေးချက်စင်တာက သတိပေးချက်ထုတ်ပြန်ထားခဲ့ပေမယ့် ဆူနာမီ မဟုတ်ကြောင်း၊ ငလျင်နဲ့ပတ်သက်တဲ့ ခန့်မှန်းချက်များ ပျက်ပြယ်သွားပြီဖြစ်ကြောင်း ငလျင်လှုပ်ပြီး နှစ်နာရီအကြာမှာ ပြန်လည်ထုတ်ပြန်ခဲ့ပါတယ်။

ဘာသာပြန် > မိုးမမ

ကိုးကား > ရိုက်တာ

 

Share this on Social Media