၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံရဲ့ GDP တန်ဖိုးမြင့်တက်လာနိုင်

မန္တလေး ၁၀ ဇန်နဝါရီ

 

၂၀၁၈ မှာ မြန်မာနိုင်ငံရဲ့ GDP တန်ဖိုးမြင့်တက်လာနိုင်ကြောင်း နိုင်ငံတကာစီးပွားရေးကို လေ့လာနေသည့် ချက်သမ္မတနိုင်ငံမှ Mr Vilem Semetak က ပြောသည်။

 

ယခုလ ၉ ရက်က မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများ အသင်းတွင်ပြုလုပ်သည့် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောသည်။ မြန်မာနိုင်ငံရဲ့ GDP (Gross Domestic Product) တန်ဖိုးဟာ ၂၀၁၆ ခုနှစ်မှာ ၅ ဒသမ ၉ ရာခိုင်နှုန်း၊ ၂၀၁၇ ခုနှစ်မှာ ၇ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့ပြီး လာမယ့် ၂၀၁၈ ခုနှစ်မှာ ၈ ရာခိုင်နှုန်း ရှိနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

 

“မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုအချက်အလက် နိုင်ငံတကာအဖွဲ့အစည်းတွေ ခန့်မှန်းထားတဲ့ အချက်အလက်တွေဆိုရင် စီးပွားရေးက အကောင်းဘက်သွားတာကို တွေ့ရတယ်။ ၂၀၁၆ မှာဆိုရင် တခြားနိုင်ငံတွေ စီးပွားရေးကျသလို မြန်မာနိုင်ငံလည်း စီးပွားရေးကျတယ်ဆိုတာ တွေ့ရတယ်။ ၂၀၁၇ မှာ စီးပွားရေးပြန်တက်ဖို့ မျှော်လင့်ကြတယ်။ ၂၀၁၈ မှာပြောမယ်ဆိုရင် တက်လာမယ်။ ၂၀၁၇ နဲ့ယှဉ်ရင် ပိုပြီးတော့ကောင်းလာလိမ့်မယ်လို့ မြင်တယ်” ဟု Mr Vilem Semetak ကပြောသည်။

 

Mr Vilem Semetak ဟာ နိုင်ငံတကာ ကုန်သွယ်ရေးနဲ့ပတ်သက်လို့ အဓိက လေ့လာနေပြီး တရုတ်နိုင်ငံရဲ့ ကုန်သွယ်မှုကဏ္ဍကိုလည်း လေ့လာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

 

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၏ ကုန်သွယ်ရေး လိုငွေပြနေသည်မှာ စုဆောင်းငွေထက် ရင်းနှီးမြှုပ်နှံမှုမှာ အသုံးပြုများတာကြောင့် ဖြစ်သည်ဟုသိရသည်။ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် ဆက်လက်သုံးစွဲနေရမှာ ဖြစ်သည့်အတွက် သုံးစွဲတဲ့ငွေက လျော့မသွားနိုင်ဟု ဆိုသည်။

 

မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးကဏ္ဍမှာ နိုင်ငံတစ်နိုင်ငံတည်းကိုသာ ကုန်သွယ်မှု အားကောင်းအောင် မလုပ်သင့်ဘဲ နိုင်ငံတကာနှင့် ကုန်သွယ်မှုအားကောင်းအောင် ဆောင်ရွက်သင့်သည်ဟု အကြံပြုသည်။

 

ဆရာက ချက်သမ္မတနိုင်ငံကနေလာခဲ့တာ အဓိက အထူးပြုကတော့ ကုန်သွယ်ရေးနဲ့ ပတ်သက်တာ လေ့လာနေတာပါ။ တက္ကသိုလ်မှာ သုတေသီတစ်ယောက်အနေနဲ့ရော တာဝန်ထမ်းဆောင်နေတယ်။ ဆရာက လွန်ခဲ့တဲ့လေးလလောက်က မြန်မာနိုင်ငံကို လာခဲ့ဖူးတယ်။ ဆရာက တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီးလည်း တော်တော်လေး လေ့လာခဲ့ဖူးတယ်။ ကုန်သွယ်ရေးနဲ့ ပတ်သက်တဲ့ တရုတ်နဲ့ ကမ္ဘာဘယ်လိုမျိုးသွားနေတယ်ဆိုတာ၊ မြန်မာနိုင်ငံအနေနဲ့ ရှေ့ဆက်ပြီး ဘယ်လိုမူဝါဒ ချရမယ်ဆိုတာ ဆွေးနွေးသွားမှာဖြစ်ပါတယ်။

 

မြန်မာနိုင်ငံရဲ့စီးပွားရေး ဒါကတော့ မြန်မာနိုင်ငံရဲ့ကုန်သွယ်မှု အချက်အလက်တွေ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုအချက်အလက် နိုင်ငံတကာအဖွဲ့အစည်းတွေ ခန့်မှန်းထားတဲ့ အချက်အလက်တွေဆိုရင် စီးပွားရေးက အကောင်းဘက်သွားတာကို တွေ့ရတယ်။ ဒါပေမယ့် ဒီမှာကြည့်တဲ့အခါ ပိုပြီးဆိုးဝါးတဲ့ အချက်အလက်တွေ တွေ့ရတယ်။  မြန်မာပြည်က ဒေတာတွေကပဲ လွဲနေလို့လား အပြင်လူတွေ ခန့်မှန်းတာကပဲ မြင့်မားနေလို့လားပေါ့ ၂၀၁၇ မှာ ခန့်မှန်းထားတာ ၇.၇ ပြီးသွားပြီ ၂၀၁၈ မှာ ၈ % ရှိတယ်။ ၂၀၁၆ မှာဆိုရင် တခြားနိုင်ငံတွေ စီးပွားရေးကျသလို မြန်မာနိုင်ငံလည်း စီးပွားရေးကျတယ်ဆိုတာ တွေ့ရတယ်။ ၂၀၁၇ မှာ စီးပွားရေးပြန်တက်ဖို့ မျှော်လင့်ကြတယ်။ ၂၀၁၈ မှာပြောမယ်ဆိုရင် တက်လာမယ်။ ၂၀၁၇ နဲ့ယှဉ်ရင် ပိုပြီးတော့ ကောင်းလာလိမ့်မယ်လို့ မြင်တယ်။ စုတဲ့ငွေနဲ့ ရင်းနှီးမြှုပ်နှံတဲ့ငွေကို အချိုးချထားတာ ဖြစ်ပါတယ်။ 

 

စုတဲ့ငွေက ရင်းနှီးမြှုပ်နှံတဲ့ ငွေထက်များရင် ကောင်းတယ်လို့ပြောရမယ်။ ဒါက အပေါင်းလက္ခဏာ ဖြစ်ပါတယ်။    ခုကုန်သွယ်ရေးမှာ ဘာကြောင့်လိုငွေပြနေတာလဲဆိုတော့ saving နဲ့ ရင်းနှီးမြုပ်နှံတဲ့ငွေမှာ စုတာထက် သုံးတာက များနေတာကို တွေ့ရတယ်။ သုံးစွဲတဲ့ငွေက လျော့သွားဖို့ရှိလားဆိုတော့ မြန်မာနိုင်ငံအနေနဲ့ မရှိဘူး။ လုပ်ရမယ့်ကိစ္စတွေက ရင်းနှီးမြှုပ်နှံမှုမှာပဲ ဆက်ပြီး လည်ပတ်နေမှာပဲ Ecomonic intelligent က report ကိုပဲ အခြေခံပြီး ပြောရတာဖြစ်တဲ့ အတွက် သူတို့ခန့်မှန်းထားတာက ၂၀၁၈ ကနေ ၂၀၂၀ အတွင်း ဘာဖြစ်မလဲ ခန့်မှန်းထားတာက မူဝါဒတွေ ချမှတ်တာတွေ ဆက်ပြီးတော့လုပ်မယ်။ မူဝါဒချမှတ်တာကို ဆက်ပြီး အကောင်ထည်ဖော်မယ် ဒါပဲဆက်လုပ်သွားမှာပါ။ လေ့လာရသလောက် စီးပွားရေလုပ်တဲ့ လုပ်ငန်းရှင်တွေကို မေးကြည့်ရသလောက် သူတို့တွေက မြန်မာနိုင်ငံအနေနဲ့ အစိုးရက တိကျတဲ့မူဝါဒတွေ ရှင်းရှင်းလင်းလင်း ချမှတ်ပေးခဲ့ရင် သူတို့အနေနဲ့ ဒီထက်ပိုပြီး တိုးတက်မှာလို့ ပြောကြတာကြားရတယ်။ ရင်းနှီးမြုပ်နှံမှုတွေ ပိုပြီးများလာနိုင်ကြောင်း လေ့လာတွေ့ရှိရပါတယ်။

 

ဖြစ်လာနိုင်တာက သွင်းကုန်အစားထိုးလုပ်ငန်းတွေကို ပိုပြီးကောင်းအောင် လုပ်မယ်ဆိုတာပါ။ ဥရောပနိုင်ငံတွေကို ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ကုန်သွယ်မှုတွေ ပိုပြီးအားကောင်းလာမယ်ဆိုရင် ဆိပ်ကမ်းမှာ ကုမ္ပဏီတွေ တော်တော်များများ ရောက်နေကြပြီ အဲဒါကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီးဝင်လာမယ်လို့ ခန့်မှန်းပါတယ်။

 

ဈေးနှုန်းကိုကြည့်မယ်ဆိုရင် ငွေကြေးဖောင်းပွမှုနှုန်းကတော့ ဖြစ်မှာပဲ။ ရင်းနှီးမြှုပ်နှံမှုတွေ များလာရင် သုံးငွေဟာ စုငွေထက်များလာမယ်။ အဲလိုများရင် လိုငွေပြမှုတွေ ပိုများလာမယ်။ လိုငွေပြမှုတွေကြောင့် ငွေကြေးလဲလှယ်နှုန်းက တန်ဖိုးကျဆင်းလာမှာပဲ။ ဒီဘတ်ဂျက် အစိုရသုံးစွဲတဲ့အထဲမှာလည်း လိုငွေပြနေတယ် အစိုးရအနေနဲ့ Bond တွေကို ဝယ်မယ်ဆိုရင် ဒီငွေတွေက ဈေးကွက်ထဲကို ရောက်လာပြီး တစ်နည်းအားဖြင့် မြန်မာငွေဈေးကို ကျဆင်းစေပါတယ်။ ၂၀၁၈ နဲ့ ၂၀၂၂ အထိက ငွေကြေးတန်ဖိုးက ဆက်လက်ပြီး ကျဆင်းနေမှာဖြစ်ပါတယ်။ ကျတာကိုကြည့်ပြီး အရမ်းကြီး စိတ်ဓာတ်မကျပါနဲ့ ၂၀၂၂ မှာ တစ်ဒေါ်လာကို ၁၅၀ဝ အထိရှိနိုင်တယ်။ ဒါတွေက ဘယ်လိုမှ တွက်ချက်လို့ရတဲ့ အရာမဟုတ်ဘူး။ တခြားအကြောင်းအရင်းတွေလည်း ရှိအုံးမှာ တခြားအကြောင်းအရင်းတွေက သက်ရောက်မှုရှိတယ်ဆိုရင် အဲလောက်လည်း ဖြစ်ချင်မှဖြစ်မှာပါ။  လိုငွေပြမှုတွေ များနေပေမယ့် စီးပွားရေးတိုးတက်မှု တစ်လျှောက်လုံးမှာ စီမံခန့်ခွဲနိုင်မယ့် အနေအထားမှာရှိတယ်။ နိုင်ငံခြားက လာတဲ့ရင်းနှီးမြှုပ်နှံမှုတွေက လာအုံးမှာ အဲငွေတွေနဲ့ လိုငွေပြမှုကို ပြန်ပြီးခံထားနိုင်တယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီလိုအခြေအနေမှာ တစ်နိုင်ငံထဲကိုပဲ ကုန်သွယ်မှု အားကောင်းအောင် လုပ်မယ်ဆိုတာ မလုပ်သင့်ပါဘူး သူတို့ရဲ့စီးပွားရေးက ပိုပြီး ထိခိုက်နိုင်မယ်။ နောက်တစ်ခု သတိထားရမှာက သွင်းကုန်အစားထိုးလုပ်ငန်းတွေ ဖွံ့ဖြိုးအောင် လုပ်မယ်ဆိုရင် သေချာစဉ်းစားပြီးမှ လုပ်သင့်တယ်။

 

၁၉၅၀-၆၀ မှာဆိုရင် သွင်းကုန်အစားထိုး လုပ်ငန်းတွေလုပ်ခဲ့တဲ့ နိုင်ငံတွေကိုကြည့်မယ်ဆိုရင် သူများသွင်းတဲ့နိုင်ငံက ထုတ်ကုန်တွေကိုပဲ လိုက်လုပ်ပြီးနေမယ်ဆိုရင်  အဲဒါက ရေရှည်မှာ မအောင်မြင်ဘူး အဲ့ပစ္စည်းအစား ပစ္စည်းအသစ်တွေထုတ်ဖို့  တကယ်အားသာချက်ရှိတဲ့ ထုတ်ကုန် ထုတ်ဖို့ ကြိုးစားသင့်ပါတယ်။ ကျောက်မီးသွေးကဏ္ဍတွေမှာ ငွေကြေးရင်းနှီးမြှုပ်နှံမှု လုပ်ထားတဲ့ ကဏ္ဍတွေမှာ ရှောင်ကြဉ်သင့်တယ်။ အဲဒါတွေက အလုံးအရင်းနဲ့ တရုတ်အစိုးရက ထောက်ပံ့ပေးထား တာဆိုတော့ သူတို့ကို ယှဉ်နိုင်ဖို့က မလွယ်ဘူး။ ကောင်းတဲ့ အားသာတဲ့အချက်က ကျွန်တော်တို့က နိုင်ငံကို ကြည့်လိုက်မယ်ဆိုရင် ကုန်သွယ်မှုလုပ်နေတဲ့ ပါတနာတွေဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တာ တွေ့ရတယ်။ အဓိက တရုတ်က ကုန်သွယ်မှုအများဆုံး နိုင်ငံဖြစ်ပြီး အခွင့်အရေး ဘာတွေရှိနေလဲဆိုတော့ WTO World Trade Organization ကိုသွားပြီး ကုန်သွယ်မှုမှာ အခွန်တွေ ဘယ်လောက်ကောက်လဲဆိုတာ ကြည့်လို့ရတယ်။ ၉၈ ရာခိုင်နှုန်းလောက်ဟာ အခွန်တွေ ပေးစရာမလိုပဲ ပို့လို့ရတဲ့အနေထား တွေ့ရတယ်။

 

ဥရောပသမဂ္ဂနဲ့ဆိုရင် ကုန်ပစ္စည်းတော်တော်မျာများက စီးပွားရေးပိတ်ဆို့မှုက မရှိသလောက်ပါပဲ လက်နက်မှာက ၂၀၁၈ ဧပြီအထိ ဖြစ်သွားပြီ။ မြန်မာနိုင်ငံအနေနဲ့ ကြည့်မယ်ဆိုရင် လက်နက်တစ်ခုပဲ ပိတ်ဆို့မှုရှိတော့တာ ဖြစ်တဲ့အတွက် စီးပွားရေးချွတ်ခြုံကျလောက်အောင် မရှိတော့ဘူး။ အမေရိကန်နိုင်ငံမှာတော့ ခုနောက်ပိုင်း မူဝါဒတွေ ပြောင်းလိုက်တဲ့အခါမှာတော့ နည်းနည်းလေး စီးပွားရေးပိတ်ဆို့မှုတွေ ပြန်ပြီး ထပ်လုပ်လာတာက ၂၀၁၇ ဒီဇင်ဘာထဲမှာရှိမယ်။ ထရမ့်နဲ့ အောက်လွှတ်တော်ကပဲ ချခဲ့တာ ဥရောပအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ လာရောက်ဆွေးနွေးတာက ၂၀၁၃ မှာ ပထမဆုံးလုပ်ခဲ့တာ အခုဆက်လုပ်ဖို့ရှိတယ်။ ကျွန်တော်တို့အနေနဲ့ အဓိကဖြေရှင်းရမှာက ဥရောပသမဂ္ဂနဲ့ လုပ်မယ်ဆိုရင်  အခွန်ကို လုံးဝပေးစရာမလိုပဲနဲ့တောင် ပို့လို့ရပြီ ကျွန်တော်တို့အနေနဲ့က အခွန်မဟုတ်တဲ့ တခြားတားဆီးမှုတွေ ကျန်းမာရေး တားဆီးတာတွေ လိုအပ်တဲ့ သတ်မှတ်ချက်တွေ  ပံ့ပိုးမှုတွေပေးမယ် ဆိုရင်တော့ ရပြီ။

 

အိမို့မို့ခိုင်

 

Share this on Social Media