တရုတ်က ပြင်သစ် ကနေ A320 လေယာဉ်အမျိုးအစား ၁၈၄ စီး မှာယူထားတဲ့ ကိစ္စမကြာမီ ပြီးစီးတော့မည်လို့ ပြင်သစ်သမ္မတ ပြောကြား

ပေကျင်း ၁၀ ဇန်နဝါရီ
တရုတ်နိုင်ငံက A320 အမျိုးအစားဂျက်လေယာဉ်အမျိုးအစား ၁၈၄ စီးဝယ်ယူမယ့် ကိစ္စနဲ့ပတ်သတ်တဲ့  စာချုပ်ချုပ် ဆိုခြင်း မကြာမီ ပြီးစီးတော့မည်ဖြစ်ကြောင်း၊ လာမယ့်ရက်သတ္တပတ် ဒါမှမဟုတ် လအနည်းငယ်အတွင်းမှာ A350   နဲ့ A380 အမျိုးအစား လေယာဉ်တွေကို တရုတ်နိုင်ငံအား ရောင်းချနိုင်ဖို့ စီစဉ်လုပ်ဆောင်နေကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်နဲ့ တရုတ်ကို အလည်အပတ် ခရီးစဉ်ရောက်ရှိနေတဲ့ ပြင်သစ်သမ္မတ အီမန်နူရယ် မာကွန် က ပြောကြားခဲ့ပါတယ်။  
A320 အမျိုးအစား ကိုယ်ထည်ကျဉ်း ဂျက်လေယာဉ် အမျိုးအစားဖြစ်ပါတယ်။  ဒီလေယာဉ်တွေကို ၂၀၁၉ နှစ်နဲ့ ၂၀၁၂ ခုနှစ် အတွင်းမှာ အပြီး တရုတ်နိုင်ငံကို ပို့ပေးရမှာဖြစ်ပါတယ်။ 
အလျင်အမြန် တိုးချဲ့လာတဲ့ လေကြောင်းလိုင်း အသွားအလာကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ တရုတ်နိုင်ငံဟာ ပုံမှန်အားဖြင့် ဥရောပနဲ့ အမေရိကန်ကြား အကြီးစား မှာယူမှုတွေကို ပြုလုပ်လေ့ရှိပါတယ်။ ဒါပေမယ့် ဥရောပရဲ့ ပြိုင်ဘက် အမေရိကန်ကနေ ဘိုင်းရင်းဂျက်လေယာဉ် အစင်း ၃၀၀ ကို ပြီးခဲ့တဲ့နှစ် သမ္မတဒေါ်နယ်ထရန် တရုတ်နိုင်ငံကို လာရောက်လည်ပတ်စဉ်မှာ ဝယ်ယူခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့နှစ် ဂျူလိုင်လက ဂျာမနီနိုင်ငံကနေ လည်း လေယာဉ် ၁၄၀ စီး ဝယ်ယူခဲ့ပါသေးတယ်။ 
အစဉ်အလာအရ ပြင်သစ်ခေါင်းဆောင်တွေရဲ့ ယခုလို အလည်အပတ်ခရီးစဉ်တွေမှာ ဂျက်လေယာဉ်အသစ် မှာယူလေ့ ရှိခဲ့ပြီး မာကွန်ရဲ့ ယခုခရီးစဉ် မတိုင်မှီကတည်းက သယ်ယူပို့ဆောင်ရေး လေယာဉ် ၁၀၀ ကျော် ဝယ်ယူဖို့ ရှိတယ်လို့လည်း ရိုက်တာသတင်းရင်းမြစ်တစ်ခုအရ သိပြီးဖြစ်ပါတယ်။
ဘာသာပြန် > မိုးမမ
ကိုးကား > ရိုက်တာ

 

Share this on Social Media