နိုင်ငံရဲ့ အမြင့်ဆုံး တရားရုံး အုပ်ချုပ်မှု ပုံစံကို အိန္ဒိယ တရားရုံးချုပ် တရားသူကြီး လေးဦး ရှုတ်ချ

နယူးဒေလီ ၁၂ ဇန်နဝါရီ

 

နိုင်ငံရဲ့ အမြင့်ဆုံး တရားရုံး စီမံအုပ်ချုပ်ပုံ အစီအစဉ် ကျနမှု မရှိတာကြောင့် တရားစီရင်ရေး အဆောက်အအုံကို မပြင်ဆင်သရွေ့ အိန္ဒိယမှာ ဒီမိုကရေစီ ဆက်လက် ရှင်သန်နိုင်မှာ မဟုတ်ဘူးလို့ ထိပ်တန်းတရားရုံး အုပ်ချုပ်မှုပုံစံကို တရားရုံးချုပ် တရားသူကြီး လေးဦးဟာ ဇန်နဝါရီ ၁၂ ရက်က ရှုတ်ချပြောဆိုခဲ့ပါတယ်။

 

အိန္ဒိယမှာ ပြုလုပ်တဲ့ ထိပ်တန်း တရားသူကြီးတွေရဲ့ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်မှာ အိန္ဒိယ တရားသူကြီးချုပ် ဒိပက် မစ္စရာ နဲ့ အကြီးတန်း တရားသူကြီးတွေကြား ကွာဟချက်တွေကို ဆွေးနွေးခဲ့ကြတာပဲ ဖြစ်ပါတယ်။ တရားသူကြီးချုပ်ရဲ့ ခွင့်ပြုချက် မရရင် အချင်းချင်းကြားမှာ ဘာတွေလုပ်မလဲဆိုတာ ပြည်သူတွေကို ချပြခွင့် သူတို့မှာ မရှိဘူးလို့ တရားသူကြီး ချီလန်မက်ရှ်ဝါက သတင်းစာ ရှင်းလင်းပွဲမှာ အိန္ဒိယတိုင်မ်းကို ပြောကြားခဲ့ပါတယ်။

 

ချီလန်မက်ရှ်ဝါနဲ့ သူ့အပေါင်းအပါ တရားသူကြီးတွေဖြစ်တဲ့ ရန်ဂျန်ဂိုဂိုအီ၊ မဒမ်လိုခါနဲ့ ကူရီရန် ဂျိုးဆက်တို့က သူတို့ရဲ့ အမြင်တွေကို ပြည်သူတွေကို အတိုချုပ် ချပြခဲ့တာပဲ ဖြစ်ပါတယ်။

 

(MDN)

 

ကိုးကား-ရိုက်တာ

Share this on Social Media