အိုဘားမားရဲ့ လန်ဒန်သံရုံးဟောင်း သဘောတူညီချက်ကို အပြစ်တင်ပြီး ဗြိတိန်ခရီစဉ် ထရန့်ဖျက်သိမ်း

လန်ဒန်  ၁၂  ဇန်နဝါရီ

 

မဖြစ်စလောက်ငွေကြေးလေးနဲ့ သံရုံးဟောင်းကိုရောင်းချခဲ့တဲ့ ဘာရတ်အိုဘားမားကို အပြစ်တင်စကား ပြောဆိုပြီး လာမယ့်လအတွင်း သံရုံးသစ်ဖွင့်ပွဲတက်ရောက်ဖို့စီစဉ်ထားတဲ့ လန်ဒန်ခရီးစဉ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။

 

ဗြိတိန်မဲပေးသူတွေဟာ သမ္မတသက်တမ်း တစ်နှစ်ကျော်လာပြီဖြစ်တဲ့ ထရန့်ကို သူတို့ရဲ့ တန်ဖိုးထားမှုတွေအပေါ်  ဆန့်ကျင်ပြီး ကြမ်းတမ်းရိုင်းပြတဲ့ ခေါင်းဆောင်အဖြစ် မှတ်ယူကြပြီး လန်ဒန်ကိုသာ ရောက်လာခဲ့ရင် ဆန့်ကျင်ဆန္ဒပြဖို့ စီစဉ်ထားကြတာပါ။

 

လန်ဒန်ရဲ့ အကောင်းဆုံးနေရာမှာရှိတဲ့ သံရုံးအဆောက်အအုံကို အိုဘားမားက မဖြစ်စလောက်ငွေကြေးနဲ့ ရောင်းချခဲ့တာဟာ လန်ဒန်ခရီးစဉ် ဖျက်သိမ်းရခြင်း အကြောင်းရင်းပဲလို့ ကြာသပတေးနေ့ နှောင်းပိုင်းက တွစ်တာစာမျက်နှာထက်မှာ ထရန့်က ရေးသားခဲ့တာပါ။ အဆိုပါ သံရုံးအဆောက်အအုံကို ရောင်းချခဲ့တဲ့အတွက် အကွက်အကွင်းမကောင်းတဲ့ နေရာမှာ သံရုံးသစ်ဆောက်ဖို့ ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ ကုန်ကျခဲ့တယ်လို့လည်း သိရပါတယ်။

 

ဒီဆိုးရွားတဲ့ သဘောတူညီချက်ကြောင့် ဖဲကြိုးမဖြတ်ချင်ဘူးလို့ ထရန့်က ပြောခဲ့တာပါ။ ၂၀ဝ၈ ခုနှစ် သမ္မတ ဂျော့ဒဗလျူဘုရှ်လက်ထက်က သိမ်းမြစ်ကမ်းပါးရဲ့တောင်ဘက်မှာ လန်ဒန်သံရုံးသစ်နေရာကို ဝယ်ယူပြီး ဆောက်လုပ်ဖို့ စီစဉ်ထားတာကို ရောင်းချခံခဲ့ရတာပဲဖြစ်ပါတယ်။

 

(MDN)

ကိုးကား-ရိုက်တာ

Share this on Social Media