၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလအတွင်း ပြည်ပသို့တရားဝင် အလုပ်သွားရောက်လုပ်ကိုင်သူ တစ်သောင်းကျော်နှင့် ပြည်တွင်းအလုပ်နေရာ တစ်သောင်းခွဲကျော်အား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့

နေပြည်တော် ၁၂ ဇန်နဝါရီ

 

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်လုပ်ကိုင်နိုင်သူ တစ်ဦးချင်း ဝင်ငွေတိုးပွားစေရေးအတွက် ရည်ရွယ်၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် ပြည်ပသို့ တရားဝင်စေလွှတ်ခြင်းနှင့် ပြည်တွင်း အလုပ်အကိုင်များ ရှာဖွေပေးခြင်းတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါသည်။

 

၂၀၁၇ခုနှစ်အတွင်း ပြည်တွင်းအလုပ်အကိုင်ရရှိရေးကို ဦးစားပေးဆောင်ရွက်ပေးခဲ့ပြီး သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်များရရှိစေရေးနှင့် အလုပ်ရှင်များအတွက်လည်း အလုပ်သမား လုံလောက်စွာခန့်အပ်ထားရှိရန် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေး ရုံးများတွင် Labour Exchange Management System ဖြင့် Online မှဆောင်ရွက်ပေးခြင်းတို့အား လုပ်ဆောင်လျက်ရှိရာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်း အောက်ဖော်ပြပါအတိုင်း အလုပ်အကိုင်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 

MDN

Share this on Social Media